(ဧည့်သည်တော်)
ရုပ်ဆိုးမင်းသားလေး၏သက်တော်စောင့်မုန်တိုင်းကယာယီတဲနန်းအတွင်းသို့ဝင်လာပြီးရုပ်ဆိုးမင်းသားလေးကိုလျှောက်တင်လိုက်သည်။
“ဧည့်သည်ရောက်နေပါတယ်မင်းသားလေး"
“ဘယ်ကဧည့်သည်လဲ"
“ကျွန်ုပ်ပါညီတော်"
မိုးနဂါးမင်းသားကယာယီတဲနန်းအတွင်းသို့ဝင်လာသဖြင့်ရုပ်ဆိုးမင်းသားလေးအံ့အားသင့်သွားရသည်။
“နောင်တော်ဒီကိုဘာလာလုပ်တာလဲ"
“ညီတော့်ကိုတွေ့ချင်လို့လာခဲ့တာပါ"
“ဘာဖြစ်လို့လာရတာလဲ။ဒီနေရာကရာသီဥတုကအရမ်းပူတယ်"
“အရမ်းပူရင်ညီတော်ကဘာဖြစ်လို့နေနေတာလဲ”
“ညီတော်ကအပူပိုင်းနိုင်ငံကလူလေ။ဒီလိုပူတဲ့ရာသီဥတုနဲ့အသားကျနေပြီ။ပြီးတော့ဒီနေရာမှာအစားအသောက်လည်းမရှိဘူး"
“ဟုတ်လား။အစားအသောက်မရှိဘူးဆိုတော့ညီတော်တို့ဘာမှမစားကြဘူးလား"
“အာ…အဲလိုပြောတာမဟုတ်ပါဘူး။ညီတော်တို့
ကကိုယ့်တိုင်းပြည်အတွက်ကိုယ်အလုပ်လုပ်နေ
ကြတာမို့အစားဆင်းရဲအနေဆင်းရဲပေမဲ့ကိစ္စမရှိပါဘူး။နောင်တော်ကဧည့်သည်ဆိုတော့အားနာလို့ပါ”“အားနာစရာမလိုပါဘူး။နောင်တော်ကညီတော်နေသလိုပဲနေပြီးညီတော်စားသလိုပဲစားမှာပါ"
“ညီတော်ဒီမှာရှိမှန်းနောင်တော်ဘယ်လိုလုပ်သိတာလဲ"
“သိလို့မဟုတ်ဘူး။ဘယ်နေရာပဲဖြစ်ဖြစ်တွေ့အောင်ရှာမယ်ဆိုပြီးထွက်လာခဲ့တာ။ဒီနေရာကိုအရင်ဆုံးဝင်ကြည့်တာညီတော်လေးကိုအဆင်သင့်တွေ့လိုက်ရတော့နောင်တော်ရှေ့ဆက်ပြီးသွားစရာမလိုတော့ဘူးပေါ့"
မိုးနဂါးမင်းသားကမုန်တိုင်းကိုလှည့်ကြည့်ပြီး
ခွင့်တောင်းလိုက်သည်။“ကျွန်ုပ်ကိုညီတော်လေးအနားမှာလွတ်လွတ်လပ်လပ်နေခွင့်ပေးပါလား"
“ရပါတယ်အရှင့်သား…နေပါ"
မုန်တိုင်းကအစောင့်များကိုခေါ်ပြီးထွက်သွားသည်။အစောင့်များထွက်သွားသည်နှင့်မိုးနဂါးမင်းသားကရုပ်ဆိုးမင်းသားလေးမျက်နှာပေါ်မှမျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။
ΔΙΑΒΑΖΕΙΣ
The Ugly Prince(u&z)(Completed)
Γενικό Φαντασίαςဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...