အခန်း(၂၁)

222 23 0
                                    

(ရုပ်ဆိုးမင်းသားလေးရဲ့ပရိယာယ်-၂)

သံတောင်မင်းသားကရုပ်ဆိုးမင်းသားကိုပြောလိုက်သည်။

“ဈေးနှုံးကိုပြန်ညှိပေးပါ့မယ်။အဲဒီအစီအစဉ်ကိုပြန်ရုတ်သိမ်းပေးပါ"

“မရုတ်သိမ်းနိုင်ပါဘူး။ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ကအတည်ဖြစ်ပါတယ်။အသင်တို့ဘက်ကကျွန်ုပ်
ကိုအခွင့်အရေးမပေးခဲ့သလိုကျွန်ုပ်ဘက်ကလည်းအသင်တို့ကိုအခွင့်အရေးမပေးနိုင်ပါဘူး"

ရုပ်ဆိုးမင်းသားလေးက၎င်း၏သက်တော်စောင့်မုန်တိုင်းကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။မုန်တိုင်းကကြိုတင်စီစဉ်ထားသည့်အတိုင်းမင်းသားအသီးသီးထံသို့စာရွက်နှင့်စုတ်တံတစ်စုံစီ
ဝေပေးသည်။ခဏအကြာတွင်စာရွက်များကိုပြန်သိမ်းပြီးရုပ်ဆိုးမင်းသားလေးထံသို့ယူလာခဲ့
သည်။

ရုပ်ဆိုးမင်းသားလေးကစာရွက်များကိုတစ်ရွက်ချင်းဖတ်ကြည့်လိုက်သည်။

“အသင်မင်းသားတို့ရေးထားတဲ့ဈေးနှုန်းတွေကိုဖတ်ကြည့်ရတာကြောက်ခမန်းလိလိပါပဲ။ဒါကို
ကြည့်ခြင်းအားဖြင့်အသင်မင်းသားတို့ဟာတ
ခြားတိုင်းပြည်ကနေတဆင့်ခံအောက်ကျို့ပြီးဆားမဝယ်ချင်ဘူးဆိုတာထင်ရှားပါတယ်။ဒါပေ
မဲ့ဒီထဲမှာစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်
ခုကိုတွေ့နေရပါတယ်"

ရုပ်ဆိုးမင်းသားလေးကစာရွက်တစ်ရွက်ကိုဆွဲထုတ်ပြီးဆင်ဖြူ မင်းသားကိုကြည့်လိုက်သည်။

“ဆင်ဖြူ မင်းသားကိုကျွန်ုပ်တစ်ခုမေးချင်ပါတယ်။ဒီစာရွက်ပေါ်မှာဘာဖြစ်လို့ဘာမှမရေးတာလဲ"

မင်းသားအားလုံး၏အကြည့်ကဆင်ဖြူ မင်းသားဆီရောက်သွားသည်။ဆင်ဖြူ မင်းသားကသူ့ထုံးစံအတိုင်းပေါ့ပေါ့ပါးပါးရယ်လိုက်သည်။

“ဟား…ဟား…ဟား…ဘာရယ်မဟုတ်ပါဘူး။ကျွန်ုပ်ကအသင့်ရဲ့ဆုံးဖြတ်ချက်အတိုင်းဖြစ်စေ
ချင်လို့ပါ"

“ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်လား"

“ဟုတ်တယ်။အသင့်ရဲ့ဆုံးဖြတ်ချက်"

“ကျွန်ုပ်ရဲ့ဆုံးဖြတ်ချက်ကိုအသင်ကယုံလို့လား"

“ယုံတာပေါ့။အသင်ကပြည်သူတွေရဲ့အကျိုးစီးပွားကိုဦးတည်ပြီးဆားရဲ့တန်ဖိုးကိုမြှင့်ပေးဖို့တောင်းဆိုခဲ့တာပဲ။ဒီတော့အသင်သတ်မှတ်တဲ့
ဈေးနှုံးကဆင်းရဲသားပြည်သူတွေအခက်အခဲ
ဖြစ်သွားစေမဲ့ဈေးနှုံးတော့မဟုတ်နိုင်ပါဘူး။ဒါ
ကြောင့်အသင်သတ်မှတ်တဲ့ဈေးနှုန်းကိုပဲကျွန်ုပ်ကလက်ခံမှာပါ။

The Ugly Prince(u&z)(Completed)Where stories live. Discover now