(တတ်သည့်ပညာမနေသာ)
တစ်ညနေခင်းတွင်တပ်မှူးကြီးငနက်ကျော်က
အိမ်သို့ပြန်လာပြီးလူလေးကိုမေးလိုက်သည်။“ရန်ဝေးတစ်ယောက်ဘယ်ရောက်နေလဲကွ"
“အိမ်တောင်ဘက်မှာပါတပ်မှူးကြီး"
“ဘာလုပ်နေတာလဲ"
“ကြက်တစ်ကောင်နဲ့အလုပ်ရှုပ်နေပါတယ်"
တပ်မှူးကြီးကလူလေးကိုဘာမှဆက်မမေးတော့ဘဲရန်ဝေးရှိရာသို့ထွက်လာခဲ့သည်။ရန်ဝေးကတပ်မှူးကြီးကိုမမြင်ပေ။သူကလက်ကိုရေဆွတ်
ပြီးကြက်ကိုရေကိုင်ပေးနေသည်။ကြက်၏လည်
ပင်း၊ရင်ဘတ်၊တောင်ပံရိုးနှင့်ဒူးဆစ်ရိုးတို့ကိုရေဆွတ်ထားသည့်လက်ဖြင့်ဖျစ်ညှစ်ပေးနေသည်။“ဟေ့ရန်ဝေး"
“ခင်ဗျာ"
ရန်ဝေးကအလန့်တကြားထူးရင်းကြက်ကိုသူ့
နောက်ကျောတွင်ဖွက်လိုက်သည်။“မင်းအခုဘာလုပ်နေတာလဲ"
“ကျွန်တော်လား…ဟို…အဲ…ဟိုဒင်း”
“မင်းကြက်တစ်ကောင်နဲ့ဘာတွေလုပ်နေတာလဲ”
တပ်မှူးကြီးကပေါ်တင်မေးလိုက်သဖြင့်ရန်ဝေး
မျက်နှာမချိုမချဉ်ဖြစ်သွားရသည်။“ကျွန်တော်ကြက်ကိုရေကိုင်ပေးနေတာပါ"
“ရေကိုင်ပေးတယ်ဆိုတာဘာလဲကွ”
တပ်မှူးကြီးကပြစ်တင်ကြိမ်းမောင်းခြင်းမပြုဘဲလေသံအေးအေးနှင့်ပြန်မေးလိုက်သဖြင့်ရန်ဝေးအံ့အားသင့်သွားမိသည်။
“ငါမသိလို့မေးတာကွရန်ဝေးရ။ရေကိုင်ပေးတယ်ဆိုတာဘာလဲကွ"
“ကြက်ကိုရေဆွတ်ပေးတာပါ”
“ရေချိုးပေးတာမဟုတ်ဘူးလား"
“ရေချိုးပေးတာမဟုတ်ပါဘူး။ရေဆွတ်ပေးတာပါ"
“ဘာဖြစ်လို့ရေဆွတ်ပေးတာလဲ"
“ကြက်ရဲ့အသားအရေနဲ့အကြောအခြင်တွေမာ
ကျောလာအောင်လို့ပါ"“အဲဒီလိုမာကျောလာရင်ဘာဖြစ်သွားလဲကွ”
“သက်လုံကောင်းလာတာပေါ့တပ်မှူးကြီးရဲ့”
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...