အခန်း-၆၁(S-2)

121 13 2
                                    

(ရုပ်ဆိုးမင်းသားလေးပြန်လာပြီ)

ရန်ဝေးတို့အဖွဲ့ကရတနာပူရတိုင်းသို့တစ်ရက်
တစ်ညနှင့်အရောက်ပြန်လာကြသည်။မြို့တော်ဝန်ဇေယျစည်သူကစော်ဘွားကြီးနှင့်၎င်း၏ဘက်တော်သားများကိုတစ်တိုင်းပြည်လုံးတစ်ညီတစ်ညွတ်တည်းတော်လှန်ကြရန်အစီအစဉ်ဆွဲထားသည်။

အရေးတော်ပုံကြီးစတင်ရန်တစ်ရက်အလိုတွင်
ရန်ဝေးကရုပ်ဆိုးမင်းသားလေးကိုအကူအညီတစ်ခုတောင်းသည်။အကူအညီမတောင်းဆိုခင်ရန်ဝေးကသူ့ဘဝဇာတ်ကြောင်းကိုအရင်ပြောပြသည်။ရုပ်ဆိုးမင်းသားလေးကတအံ့တသြနှင့်ပြန်မေးမိသည်။

“ဒါဆိုနောင်ကြီးကရတနာပူရတိုင်းရဲ့အိမ်ရှေ့စံမင်းသားလေးပေါ့"

“မင်းသားလေးမဟုတ်သေးပါဘူး။ဒီတိုင်းပြည်
ကြီးကိုဆိုးသွမ်းရက်စက်တဲ့ဘုရင်ရဲ့လက်အောက်ကနေမကယ်တင်နိုင်သေးသ၍မင်းသားလေးဆိုတဲ့ဘွဲ့ကိုမခံယူရဲပါဘူး။တပ်မှူးကြီးနဲ့မြို့တော်
ဝန်ကငါ့ကိုငတေရဲ့သားလို့သိသွားကတည်းကငါ့ကိုဘယ်သူမှန်းသိနေကြတယ်။

တပ်မှူးကြီးကငါ့ကိုအစစအရာရာသွန်သင်ဆုံးမပေးခဲ့တယ်။ငါ့ကိုအယုံကြည်ရဆုံးလူတစ်ယောက်အဖြစ်သတ်မှတ်ခဲ့တယ်။သူတို့ကငါ့ရဲ့
ကျေးဇူးရှင်တွေပါ။

အထူးသဖြင့်မွေးစားအဖေငတေပေါ့။သူကငါ့အသက်ကိုကယ်ဖို့အတွက်သူ့သားအရင်းနဲ့တောင်လဲခဲ့ရတယ်"

ရန်ဝေးကပြောရင်းနဲ့ဝမ်းနည်းလာသဖြင့်သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ပြီးမှရုပ်ဆိုးမင်းသား
လေးမျက်နှာကိုပြန်ကြည့်ပြီးသူ့စကားကိုဆက်
ပြောလိုက်သည်။

“မွေးစားအဖေရဲ့သားကိုငါမသေစေချင်ဘူး။သူ့ကိုအသက်ဆက်ပြီးရှင်သန်စေချင်တယ်။ဒါ
ကြောင့်မင်းကိုအကူအညီတောင်းတာပါ။မင်းကစောရန်နောင်နဲ့ရင်းနှီးတယ်မဟုတ်လား"

“ရင်းနှီးတယ်လို့ပြောလို့ရပါတယ်။ကျွန်တော်ဘယ်လိုကူညီပေးရမလဲနောင်ကြီး"

“တခြားတော့မဟုတ်ပါဘူး။မနက်ဖြန်မရောက်
ခင်စောရန်နောင်ကိုခေါ်ပြီးအဝေးကိုထွက်သွား
ပေးပါလား။မွေးစားအဖေကတိုင်းပြည်အရေးအတွက်သူ့သားအရင်းကိုစတေးထားတာ။သူ့သားနဲ့ပတ်သတ်ပြီးဘာမှမသိသလိုဘဲနေတယ်။ဒါပေမဲ့သူ့ရင်ထဲမှာအရမ်းကိုနာကျင်နေမယ်ဆိုတာငါသိတယ်။မြို့တော်ဝန်ကလည်းသိနေပါလိမ့်မယ်။

The Ugly Prince(u&z)(Completed)Where stories live. Discover now