အခန်း(၉)

272 25 0
                                    

(ဂန္ဓမာဒနတောင်ပေါ်ရောက်ရှိခြင်း)

နောက်တစ်နေ့မနက်တွင်မင်းသားများကကိုယ့်အဖွဲ့နှင့်ကိုယ်တောင်ပေါ်သို့တက်သွားကြသည်။ဆင်ဖြူ မင်းသားကကျောင်းပေါက်ဝတွင်ရပ်
ပြီးရုပ်ဆိုးမင်းသားလေးကိုစောင့်နေသည်။ရုပ်ဆိုးမင်းသားအနားရောက်လာသောအခါ-

“ရုပ်ဆိုးမင်းသား"

“ဘာလဲ"

“ငါတို့နှစ်ယောက်အတူတူသွားရအောင်"

“ငါသူများနဲ့အတူတူမသွားဘူး"

“အဲလိုမလုပ်ပါနဲ့။သူများတွေလည်းအဖွဲ့လိုက်
သွားကြတာ။မင်းတစ်ယောက်တည်းဖြစ်နေလို့
ငါလာပေါင်းတာ"

“မလိုဘူး"

“ဘာဖြစ်လို့မလိုရမှာလဲ။ဆရာကမင်းကိုရှာခိုင်းလိုက်တဲ့ဆေးပင်တွေမင်းအကုန်သိလို့လား"

“စာအုပ်ထဲမှာရှာထားတယ်"

“စာအုပ်ထဲရေးထားတာနဲ့အပြင်ကဟာတူမယ်ထင်လို့လား။မင်းထက်စာရင်ငါကမှသိဦး
မယ်။ငါမင်းကိုကူရှာပေးမယ်"

“မလိုဘူးလို့ပြောနေတယ်လေ"

မုန်တိုင်းကဆင်ဖြူ မင်းသားရှေ့တွင်ပိတ်ရပ်ပြီး
ပြောလိုက်သဖြင့်ဆင်ဖြူ မင်းသားကပုခုံးတွန့်ပြလိုက်သည်။

“အဲဒါဆိုလည်းပြီးတာပဲ။ဒါပေမဲ့ငါကမင်းသွားတဲ့လမ်းအတိုင်းသွားမှာမို့အကူအညီလိုရင်တောင်းပါ"

ရုပ်ဆိုးမင်းသားကဘာမှပြန်မပြောဘဲသူ့ကိုကျောခိုင်းပြီးထွက်သွားသည်။ဤသို့ဖြင့်မင်းသားများအားလုံးဂန္ဓမာဒနတောင်ပေါ်သို့ဆေးပင်ရှာရန်ရောက်ရှိသွားကြသည်။

ဆင်ဖြူ မင်းသားကတောင်ပေါ်တွင်ဆေးပင်ရှာ
ရင်းရုပ်ဆိုးမင်းသားလေး၏အရိပ်အယောင်ကိုလှမ်းကြည့်သည်။မတွေ့လျှင်လိုက်ရှာသည်။တွေ့လျှင်မသိချင်ယောင်ဆောင်သည်။သည်လို
နှင့်အချိန်ကနေ့တစ်ဝက်ကုန်သွားသည်။

ဆင်ဖြူ မင်းသားကသူရှာဖွေရမည့်ဆေးပင်ကိုတွေ့သဖြင့်အမြစ်ကိုတူးနေစဉ်အဝေးဆီမှအသံအချို့ကိုကြားလိုက်ရသည်။ဓားချင်းထိခတ်သည့်အသံကိုလည်းကြားရသည်။စကားပြောသံကိုလည်းမသဲမကွဲကြားရသည်။ဆင်ဖြူ မင်းသားကသူ့
ကိုယ်ရံတော်ဘဒ္ဒကိုပြောလိုက်သည်။

The Ugly Prince(u&z)(Completed)Onde as histórias ganham vida. Descobre agora