(အဆိပ်ပန်းတိုင်းပြည်သို့ခရီးထွက်ခြင်း)
ဆားတောင်နန်းတော်အတွင်းရှိရုပ်ဆိုးမင်းသား
လေး၏အဆောင်တော်သည်တိတ်ဆိတ်ငြိမ်သက်နေသည်။ရုပ်ဆိုးမင်းသားလေးကလသာဆောင်တွင်ထိုင်ရင်းစိန်တောင်ပြည်နှင့်ဖြစ်ခဲ့သည့်အရေးကိစ္စတွေကိုမှတ်တမ်းတစ်စောင်ရေးသား
နေသည်။ထိုစဉ်သူ့အနီးသို့မုန်တိုင်းရောက်လာခဲ့သည်။“မင်းသားလေးဘုရား"
ရုပ်ဆိုးမင်းသားလေးကမုန်တိုင်းကိုမော့ကြည့်သည်။
“နန်းတော်ထဲမှာထူးဆန်းတဲ့ကိစ္စတစ်ခုဖြစ်ပေါ်
နေပါတယ်ဘုရား"“ဘာကိစ္စလဲ"
“ရိက္ခာဂိုဒေါင်ကိုစောင့်တဲ့ရဲမက်တွေတစ်ညကိုတစ်ယောက်နှုံးနဲ့နေမကောင်းဖြစ်နေကြပါတယ်"
“ဘယ်လိုနေမကောင်းဖြစ်ကြတာလဲ"
မင်းသားလေးကရေးလက်စစာရွက်စာတမ်းများကိုချထားလိုက်သည်။
“ပထမဆုံးစဖြစ်တဲ့လူကတာဝန်လွှဲပြောင်းချိန်မှာမူးလဲသွားပါတယ်တဲ့။စကားမပြောနိုင်လို့ဘာမှမေးလို့မရပါဘူးတဲ့။နောက်တစ်ညမှာလည်းအစောင့်တစ်ယောက်မူးလဲသွားပါတယ်တဲ့။သူလည်းဘာစကားမှမပြောနိုင်ဘူးတဲ့။အခုညမှာလည်းတစ်ယောက်ဖြစ်သွားပြန်ပြီ။
တစ်ညကိုတစ်ယောက်နှုံးနဲ့သုံးညဆက်တိုက်ဖြစ်နေလို့ရဲမက်တွေကရိက္ခာဂိုဒေါင်ကိုစောင့်ရမှာကြောက်ရွံ့နေကြပါတယ်”
“သမားတော်တွေကဘာပြောလဲ"
“သမားတော်တွေလည်းအကြောင်းရင်းကိုရှာ
မရပါဘူးတဲ့ဘုရား။စမ်းသပ်ကြည့်ရှူဖို့အတွက်
ခြေတွေလက်တွေကိုကွေးဆန့်ကြည့်တဲ့အခါမှာစူးစူးဝါးဝါးအော်ကြလို့အဆစ်တွေနာကျင်နေတာကိုတော့ခန့်မှန်းလို့ရပါတယ်တဲ့။ဒါပေမဲ့စကားပြောဖို့ကျတော့လည်းအသံမထွက်
ပြန်ဘူးတဲ့။ဒါကြောင့်ဘာရောဂါမှန်းမသိရသေးပါဘူးတဲ့။အခုလောလောဆယ်နာကျင်မှုကိုသက်သာစေတဲ့ဆေးတွေကိုပေးထားပါတယ်တဲ့”“ဆေးရောသောက်နိုင်ကြရဲ့လား"
“သောက်နိုင်ပါတယ်။အစာလည်းစားနိုင်ပါတယ်။စကားတော့မပြောနိုင်ကြပါဘူး။စကားပြောရင်အသံဝူးဝူးဝါးဝါးပဲထွက်လာတာပါ"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...