အခန်း-၅၄(S-2)

127 11 0
                                    

(မြို့တော်ဝန်အိမ်တွင်းမှစည်းဝေးပွဲ)

ယောင်းနန်းစော်ဘွားကြီးကရတနာပူရတိုင်းကိုသိမ်းပိုက်ပြီးနောက်ဘုရင်အဖြစ်ခံယူလိုက်သည်။သို့သော်နယ်ပယ်ဒေသအသီးသီးမှမြို့စား၊နယ်စားများကစော်ဘွားကြီးကိုလက်မခံနိုင်သဖြင့်ဆူပူအုံကြွကြသည်။

စော်ဘွားကြီးကဆူပူအုံကြွမှုများကိုနှိမ်နင်းရင်းဘုရင့်တူတော်ဇေယျစည်သူကိုတိုက်ပွဲတွင်လက်ရဖမ်းဆီးမိခဲ့သည်။

ထို့နောက်စော်ဘွားကြီးကမြို့စား၊နယ်စားများထံသို့အထောက်တော်များစေလွှတ်ပြီးအကြောင်း
ကြားစာများပို့ခိုင်းခဲ့သည်။အကယ်၍ဆူပူအုံကြွမှုများကိုရပ်ဆိုင်းခြင်းမပြုပါကဘုရင့်သားတော်လေးနှင့်ဘုရင့်တူတော်မင်းသားကိုအဆုံးစီရင်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။ပြည်သူများကမင်းသားလေးနှင့်ဘုရင့်တူတော်ကိုချစ်ခင်မြတ်နိုးကြသဖြင့်ဆူပူမှုများရပ်ဆိုင်းသွားခဲ့ကြသည်။

ယောင်းနန်းစော်ဘွားကြီးကရတနာပူရ၏မင်းသားလေးနှင့်ဘုရင့်တူတော်ကိုဓားစာခံအနေဖြင့်အသက်ရှင်သန်ခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

စော်ဘွားကြီးကဘုရင့်တူတော်ဇေယျစည်သူကို
မြို့တော်ဝန်အဖြစ်ရာထူးအပ်နှံပြီးပြည်သူအများ
ရှေ့တွင်မြှောက်စားထားသည်။သို့သော်ရတနာပူရ၏နန်းတော်ကြီးအတွင်းတွင်ယောင်းနန်းနယ်သားအမှုထမ်းများကိုသာရာထူးကြီးများခန့်အပ်ပေးခဲ့သည်။ထို့ကြောင့်ရတနာပူရ၏အုပ်ချုပ်ရေးပိုင်းတွင်ယောင်းနန်းနယ်သားများကြီးစိုးလာခဲ့လေသည်။

ရတနာပူရနေပြည်တော်တွင်ယောင်းနန်းနယ်
သားများအင်အားကြီးထွားလာပြီးနောက်အတိုက်အခံလုပ်သည့်ရတနာပူရတိုင်းသားမှန်သမျှမှာအမှဲ့ခြွေခြွေခံရရုံသာမကအမြစ်ပါအဖြုတ်ခံ
ကြရလေသည်။

ရန်ဝေးကမွေးစားဖခင်ငတေနှင့်မြို့တော်ဝန်တို့
၏ပြောပြချက်များကိုနားထောင်ပြီးသူ့ကိုယ်သူ
မင်းသားလေးအဖြစ်လက်ခံသွားသည်။ထို့နောက်ကျေးဇူးကြီးမားလှသည့်မွေးစားဖခင်ကိုနေရာမှာပင်ထိုင်ပြီးဦးချကန်တော့လိုက်လေသည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now