အခန်း-၉၆(S-4)

86 9 1
                                    

ရတနာပူရဘုရင်ပြန်သွားပြီးနောက်ရက်များ
မကြာမီရုပ်ဆိုးမင်းသားလေးထံသို့ဧည့်သည်
တော်တစ်ယောက်ထပ်ရောက်လာခဲ့သည်။၎င်းမှာစိန်တောင်မင်းသားဖြစ်သည်။

စိန်တောင်မင်းသားကရုပ်ဆိုးမင်းသားလေးနှင့်
တွေ့ဆုံလိုပါသည်ဟုကြိုတင်အကြောင်းကြား
ပြီးမှရောက်ရှိလာခဲ့ခြင်းဖြစ်သည်။တိုင်းကြီးပြည်
ကြီး၏အရှင်သခင်ပီသစွာနောက်လိုက်နောက်
ပါခြွေရံသင်းပင်းများစွာနှင့်ရောက်ရှိလာခဲ့သော
စိန်တောင်မင်းသားသည်မည်သို့သောအကြောင်းခြင်းရာကြောင့်ရောက်ရှိလာခဲ့ပါသနည်း။

ရုပ်ဆိုးမင်းသားလေးကအိမ်ရှင်ဝတ္တရားနှင့်အညီဧည့်ဆောင်တော်တွင်လက်ခံတွေ့ဆုံခဲ့သည်။
စိန်တောင်မင်းသားကရုပ်ဆိုးမင်းသားလေးနှင့်
တွေ့လျှင်လာရင်းကိစ္စကိုမပြောဘဲရုပ်ဆိုးမင်းသားလေးကိုအချိန်ကြာမြင့်စွာငေးစိုက်ကြည့်နေသည်။ရုပ်ဆိုးမင်းသားလေးက-

“အကြည်တော်မင်းသားရဲ့လာရင်းကိစ္စကိုသိပါရစေ။ဘာအကြောင်းကြောင့်ကျွန်ုပ်ကိုတွေ့ဆုံ
ချင်ရတာပါလဲ"

“အသင်မင်းသားနဲ့နှစ်ယောက်တည်းစကား
ပြောချင်ပါတယ်"

“မဖြစ်နိုင်ပါဘူး"

ထိုစကားကိုမုန်တိုင်းကပြောလိုက်ခြင်းဖြစ်သည်။ရုပ်ဆိုးမင်းသားလေးကတော့နှုတ်ဆိတ်နေသည်။မုန်တိုင်းက-

“ကျွန်တော်မျိုးရဲ့မင်းသားလေးကိုစိန်တောင်မင်းသားနဲ့နှစ်ယောက်တည်းမထားနိုင်ပါဘူး”

“ဒါဆိုရုပ်ဆိုးမင်းသားလေးနားမှာတစ်ယောက်ပဲရှိနေပေးပါ။ကျွန်ုပ်သူနဲ့အရေးကြီးတဲ့စကားပြောစရာရှိတာမို့လို့”

“ရပါတယ်"

ဧည့်ဆောင်တော်မှအမှုထမ်းများအားလုံးနှင့်တကွစိန်တောင်မင်းသား၏အခြွေအရံများပါအခန်းထဲမှထွက်ခွာသွားကြသည်။ဧည့်ခန်းထဲတွင်စိန်
တောင်မင်းသား၊ရုပ်ဆိုးမင်းသားနှင့်မုန်တိုင်းတို့
သုံးဦးသာကျန်နေခဲ့သည်။စိန်တောင်မင်းသားကရုပ်ဆိုးမင်းသားလေး၏မျက်လုံးအစုံကိုစိုက်
ကြည့်ပြီးစကားကိုတစ်လုံးချင်းပြောလိုက်သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now