ို(ပညာတော်သင်ကျောင်းသားများရောက်ရှိခြင်း)
နောက်တစ်နေ့မနက်ခင်းတွင်ရုပ်ဆိုးမင်းသားလေးကတောင်ခြေဂိတ်တံခါးဝဆီသို့ထွက်လာခဲ့သည်။သူ့နောက်တွင်ကိုယ်ရံတော်မုန်တိုင်းနှင့်ဆားတောင်ပြည်၏အမတ်ကြီးသုဝေဒတို့ပါလာသည်။
ရုပ်ဆိုးမင်းသားလေးကဂိတ်တံခါးဝထိမသွားဘဲမနီးမဝေးနေရာရှိကျောက်ဆောင်တစ်ခုပေါ်တွင်နေရာယူလိုက်သည်။ထိုနေရာကဂိတ်တံခါးဝ
နှင့်တောင်ခြေလမ်းကိုအတိုင်းသားမြင်နေရသည်။ရုပ်ဆိုးမင်းသားလေးကခပ်လှမ်းလှမ်းမှမြင်
နေရသည့်အလံတစ်ခုကိုကြည့်ပြီးအမတ်ကြီးကိုမေးလိုက်သည်။"ဟိုးကလာနေတဲ့အဖွဲ့ကဘယ်တိုင်းပြည်ကလဲ။အလံကအနက်ရောင်စက်ဝိုင်းကြီးပါလား"
အမတ်ကြီးကလှမ်းကြည့်လိုက်သည်။အလံကအောက်ခံအဖြူ ရောင်ပေါ်တွင်အနက်ရောင်စက်ဝိုင်းကြီးပုံပါသည်။
"အဲဒါပုလဲနက်တိုင်းကပါမင်းသားလေး"
"ပုလဲနက်တိုင်းကအတော်ကိုဝေးလံခေါင်ဖျားတဲ့အရပ်ဒေသမဟုတ်လား"
"ဟုတ်ပါတယ်။ဝေးလံတဲ့အရပ်ကနေပညာ
တော်သင်လာခွင့်ရလို့ဝီရိယထားပြီးလာကြတာနေမယ်""သြော်"
ပုလဲနက်တိုင်းမှပညာတော်သင်အဖွဲ့ဖြတ်ကျော်
သွားပြီးနောက်ဆင်တစ်စီးကိုမြင်းတပ်ဖွဲ့ခြေလျင်တပ်ဖွဲ့များခြံရံလျက်ကြီးကျယ်ခမ်းနားသည့်အဖွဲ့တစ်ခုရောက်လာခဲ့သည်။စိန်ပွင့်ပုံသဏ္ဍာန်ပါရှိသည့်အလံကြောင့်စိန်တောင်ပြည်ကမှန်းရုပ်ဆိုးမင်းသားလေးသိလိုက်သည်။"စိန်တောင်ပြည်ကလည်းပညာတော်သင်လာသားပဲ"
"ကျွန်တော်မျိုးအထင်ကိုပြောရရင်ပညာသင်ချင်လို့သက်သက်လာတာမဟုတ်လောက်ဘူး"
"ဘာဖြစ်လို့လဲ"
"စိန်တောင်ပြည်ကဒီဒေသအတွင်းကတိုင်းပြည်တွေထဲမှာအချမ်းသာဆုံးတိုင်းပြည်ပါ။သူ့တိုင်းပြည်ကမင်းညီမင်းသားတွေပညာသင်ယူဖို့အတွက်အတိုင်းတိုင်းအပြည်ပြည်ကပညာရှိတွေကိုအခကြေးငွေအမြောက်အမြားပေးပြီးခေါ်ယူသင်ကြားပေးတယ်လို့ကြားဖူးပါတယ်။ဒါကြောင့်မို့ဒီမိုးနဂါးတက္ကသိုလ်ကိုလာတက်ရတဲ့ရည်ရွယ်ချက်ကတော့တခြားအကြောင်းရင်းရှိမယ်
လို့ပဲမြင်မိပါတယ်"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...