အခန်း(၇)

319 30 0
                                    

(မိုးနဂါးကျောင်းတော်မှပညာသင်ဘက်ညီအကိုများ)

တစ်ပတ်ကြာပြီးနောက်မင်းသားများနေရာလဲ
ရန်မဲနှိုက်ရပြန်သည်။ဒီတစ်ခါရုပ်ဆိုးမင်းသား
လေးနှင့်အတူတွဲကျသူကဆင်ဖြူ မင်းသား။

ရုပ်ဆိုးမင်းသားလေးကသူ့ဘေးကစားပွဲတွင်ထိုင်နေကျဖြစ်သည့်ကြာပန်းဖြူ မင်းသားလေးကိုရှာ
ကြည့်မိသည်။ကြာပန်းဖြူ မင်းသားလေးကသံတောင်မင်းသားစားပွဲတွင်ရောက်နေသည်။

သူတွေးမိသည်ကသူတို့နှစ်ဦး၏ကံကြမ္မာ။သူတို့နှစ်ဦးလုံးက(၁၈)ပြည်ထောင်ထဲတွင်အဆင်းရဲဆုံးတိုင်းပြည်နှစ်ပြည်ကမင်းသားတွေ။ဒါပေမဲ့သူတို့နှစ်ဦးလုံးကသူတို့နှင့်မတိမ်းမယိမ်းသာရှိသည့်မင်းသားများနှင့်ဘယ်တော့မှအတူတူတွဲမကျ။တွဲကျလိုက်လျှင်ခေါင်ကလူတွေချည်းပင်။

သံတောင်ပြည်ဆိုတာကသံထည်ပစ္စည်းအကောင်းစားများထွက်ရှိပြီး(၁၈)ပြည်ထောင်လုံးကိုစစ်လက်နက်ပစ္စည်းထုတ်ရောင်းနေသည့်တိုင်း
ပြည်။ပြောရလျှင်စစ်လက်နက်အင်အားကြီးတိုင်းပြည်။

ရုပ်ဆိုးမင်းသားလေးကကြာပန်းဖြူ မင်းသားလေးကိုအကြည့်လွှဲပြီးရှေ့တည့်တည့်ကိုကြည့်လိုက်တော့သူ့ကိုပြုံးစိစိနှင့်စိုက်ကြည့်နေသည့်ဆင်
ဖြူ မင်းသားကိုတွေ့ရသည်။

🌻

🌻

🌻

သံတောင်မင်းသားကသူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့်မင်းသားကိုကြည့်လိုက်သည်။
ကြာပန်းဖြူ မင်းသားလေး။ဒီငတိလေးကိုသူသိသည်။စာသင်ချိန်တစ်ပတ်အတွင်းသူ့ဘေးကပ်
လျက်ခုံတွင်ထိုင်ပြီးနေ့တိုင်းအိပ်ငိုက်နေသည့်ကလေး။

သူကတော့ကလေးလို့ပဲသတ်မှတ်လိုက်သည်။
ရုပ်ကိုကကလေးရုပ်။အသက်ကလည်းသူ့ထက်ပိုငယ်မည်ဟုယူဆရသည်။မျက်နှာအနေအထားကချောမောခန့်ညားသည့်ပုံစံမျိုးမဟုတ်ပေ
မဲ့အရုပ်ဆိုးသည့်အထဲလည်းမပါ။ပြုံးလိုက်လျှင်ပို
ပြီးကလေးနှင့်တူသွားသည်။

အသားအရည်ကနေမထိဖူးသည့်အလားဖြူ ဖွေး
နေသည်။နာမည်နှင့်လိုက်ဖက်ပါ့ဟုတွေးမိပြန်
သည်။အရပ်က ၅'၈" မို့အရပ်ပုသည်ဟုမဆိုသာ
ပေမဲ့တခြားမင်းသားများကခြောက်ပေကျော်အရပ်အမောင်းကြီးတွေနဲ့ထွားကျိုင်းသန်မာနေတော့သူ့ခမျာ့သေးသေးညှပ်ညှပ်လေးဖြစ်နေရှာသည်။သူနှင့်တန်းတူတာဆိုလို့ရုပ်ဆိုးမင်းသားလေးသာရှိသည်။ဒါတောင်ရုပ်ဆိုးမင်းသားလေးကသူ့ထက်ယောင်ယောင်လေးအရပ်မြင့်နေသေးသည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now