အခန်း-၉၄

92 10 1
                                    

ရတနာပူရဘုရင်ကုန်သွယ်ရေးဌာနသို့ရောက်
လာသောအခါရုပ်ဆိုးမင်းသားလေးကနိုင်ငံတော်ဧည့်ဂေဟာ၏ရှေ့တွင်ထွက်ပြီးကြိုနေသည်။ရတနာပူရဘုရင်ကဝေါယာဉ်ပေါ်မှဆင်းသက်
လာပြီးရုပ်ဆိုးမင်းသားလေးထံသို့လျှောက်လှမ်းလာခဲ့သည်။ရုပ်ဆိုးမင်းသားလေးရှေ့သို့ရောက်
လျှင်၎င်းကရုပ်ဆိုးမင်းသားလေးမျက်နှာကိုစိုက်
ကြည့်ပြီးငြိမ်သက်သွားသည်။

ရတနာပူရဘုရင်ကတစ်စုံတစ်ရာလှုပ်ရှားခြင်းမရှိဘဲရုပ်ဆိုးမင်းသားလေး၏မျက်ဝန်းအစုံကိုကြည့်ပြီးတွေဝေနေသည်။ရုပ်ဆိုးမင်းသားလေးက
ရှေ့သို့တိုးလာပြီးရတနာပူရဘုရင်ရန်ဝေးကိုလက်ဆွဲပြီးနှုတ်ဆက်လိုက်သည်။

"ရတနာပူရဘုရင်မင်းမြတ်ကိုကြိုဆိုပါတယ်။ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါရဲ့လား"

ရုပ်ဆိုးမင်းသားလေးစကားကြောင့်ရတနာပူရဘုရင်သတိဝင်လာပြီးပြန်လည်နှုတ်ခွန်းဆက်လိုက်သည်။

"ကျန်းမာချမ်းသာပါတယ်အကြည်တော်မင်းသား။အကြည်တော်မင်းသားကောကျန်းမာချမ်းသာပါရဲ့လား"

"ကျန်းမာချမ်းသာပါတယ်အကြည်တော်။ဧည့်ဆောင်တော်ထဲကိုကြွပါ"

ရတနာပူရဘုရင်ကရုပ်ဆိုးမင်းသားလေးနှင့်ယှဉ်တွဲပြီးဧည့်ဆောင်တော်ထဲသို့ဝင်လာခဲ့သည်။
ဧည့်ဆောင်တော်တွင်ထိုင်မိကြလျှင်ရတနာပူရဘုရင်ကရုပ်ဆိုးမင်းသားလေးကိုမေးလိုက်သည်။

"အသင်မင်းသားနဲ့ကျွန်ုပ်တို့အရင်ကတွေ့ခဲ့ဖူးသလား"

ရုပ်ဆိုးမင်းသားလေးမျက်လုံးကအရောင်တစ်ချက်လက်ခနဲ့ဖြစ်သွားသည်။ရုပ်ဆိုးမင်းသားလေးရတနာပူရတိုင်းသို့ရောက်ခဲ့စဉ်ကရတနာပူရဘုရင်အလောင်းအလျာဖြစ်သောရန်ဝေးနှင့်မိတ်ဆွေဖြစ်ခဲ့ဖူးသည်။သို့သော်ယခုအချိန်တွင်ထိုကိစ္စကိုအသိပေးလို့မဖြစ်ပေ။ရုပ်ဆိုးမင်းသားလေးကရတနာပူရဘုရင်၏မေးခွန်းကိုအမေးနှင့်ပင်ပြန်လည်တုံ့ပြန်လိုက်သည်။

"အသင်ဘာဖြစ်လို့အဲဒီလိုမေးတာလဲ"

"ကျွန်ုပ်စိတ်ထဲမှာအသင်မင်းသားရပ်နေတာကို
ကြည့်ပြီးမိတ်ဆွေတစ်ယောက်ကိုသတိရမိလို့
ပါ။ကျွန်ုပ်နဲ့အရမ်းရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်ပဲ။အသင်မင်းသားရပ်နေတဲ့ပုံဟန်ကသူနဲ့သိပ်ပြီးတူလွန်းတယ်။ပြီးတော့စကားပြောတဲ့အသံကလည်းတူနေတယ်"

The Ugly Prince(u&z)(Completed)Where stories live. Discover now