အခန်း-၆၈(S-3)

109 12 1
                                    

(ဆားတောင်ပြည်၏အပူမီး)

ဆားတောင်ပြည်၏နန်းတော်ထဲတွင်ဆင်ဖြူ တိုင်းမှသမားတော်များခြေရှုပ်နေသည်။ဆားတောင်မင်းကြီးနာမကျန်းဖြစ်နေသောကြောင့်ပင်။

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုအရိပ်တကြည့်ကြည့်နှင့်စောင့်ရှောက်ပေးနေသည်။ရုပ်ဆိုးမင်းသားလေးကရင်ထဲတွင်အပူမီးတောက်နေပေမဲ့အိနြေ္ဒမပျက်အောင်ထိန်းချုပ်ထားသည်။ဆင်ဖြူ မင်းသားဆားတောင်နန်းတော်၌ရှိနေစဉ်အတွင်းဆားတောင်မင်းကြီးနတ်ရွာစံသွားသည်။

ဆားတောင်မင်းကြီးနတ်ရွာစံသွားသည့်အခါတွင်အမတ်ကြီးသုဝေဒကမင်းကြီးမသေခင်ကရေးခဲ့သည့်သေတမ်းစာကိုထုတ်ပြသည်။သေတမ်းစာတွင်ရေးထားသည်မှာ-

“သားတော်နဲ့သမီးတော်ကိုနောက်ဆုံးမှာချင်ပါတယ်။ခမည်းတော်နတ်ရွာစံရင်ဈာပနအခမ်းအ
နားကိုမကျင်းပပါနဲ့။ရိုးရိုးရှင်းရှင်းပဲမီးသင်္ဂြိုဟ်လိုက်ပါ။ခမည်းတော်တို့တိုင်းပြည်မှာအခမ်းအနားပွဲတွေမလုပ်တာနှစ်ပေါင်းများစွာကြာခဲ့ပြီပဲ။ဈာပနပွဲမလုပ်လည်းဘာမှမဖြစ်သွားပါဘူး။

သားတော်ရဲ့နန်းတက်ပွဲကိုကျင်းပတဲ့အခါကျမှအတိုင်းတိုင်းအပြည်ပြည်ကိုဖိတ်ပြီးပွဲတော်ကြီးကျင်းပပါ။ဒါခမည်းတော်ဖြစ်စေချင်တဲ့ဆန္ဒပါ”

ခမည်းတော်၏သေတမ်းစာကိုဖတ်ပြီးရုပ်ဆိုးမင်းသားလေးဟန်ပင်မဆောင်နိုင်ဘဲမျက်ရည်ကျမိသည်။ခမည်းတော်ကအဘယ့်ကြောင့်ဤကဲ့သို့သောသေတမ်းစာမျိုးကိုရေးသားခဲ့တာလဲဆိုတာသူသိသည်။

အတိုင်းတိုင်းအပြည်ပြည်မှမင်းဆွေမင်းမျိုးများကိုဖိတ်ပြီးဈာပနအခမ်းအနားကိုအကျယ်တဝင့်ကျင်းပမည်ဆိုလျှင်ငွေကြေးအမြောက်အမြားကုန်ကျပေလိမ့်မည်။နန်းတက်ပွဲအတွက်လည်းကုန်ကျစရိတ်ကရှိဦးမည်။

တိုင်းပြည်အသီးသီးမှကြွရောက်လာကြမည့်တော်ဝင်မျိုးနွယ်များကိုနေရာချထားပေးဖို့နှင့်ဧည့်ခံကျွေးမွေးစောင့်ရှောက်ဖို့အတွက်လည်းကုန်
ကျစရိတ်ကများဦးမည်။ထို့ကြောင့်ခမည်းတော်
ကတိုင်းပြည်၏ဘဏ္ဍာငွေကိုချွေတာလိုခြင်း
ကြောင့်ဈာပနပွဲကိုမကျင်းပဘဲနန်းတက်ပွဲကိုသာကျင်းပရန်မှာခဲ့သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now