အခန်း(၃၃)

183 20 0
                                    

(မြွေနဂါးလက်စွပ်)

ရုပ်ဆိုးမင်းသားလေးကနေပြည်တော်ပတ်လည်ရွာပေါင်း(၁၆)ရွာကိုခံတပ်အဖြစ်ပြောင်းလဲ
တည်ဆောက်နေသည်။သို့သော်တိုင်းပြည်ဖွံ့
ဖြိုးတိုးတက်ရေးအတွက်မင်းသားလေးဆောင်
ရွက်နေသည်မှာသုံးနှစ်ခန့်သာရှိသေးသည်မို့
အစစအရာရာအဆင်သင့်မဖြစ်သေးပေ။

ထိုအတောအတွင်းစိန်တောင်ပြည်မှစိန်တောင်
မင်းသား၏အိမ်ရှေ့စံအပ်နှင်းပွဲသို့ရုပ်ဆိုးမင်းသားလေးတက်ရောက်ခဲ့ရသည်။

ရုပ်ဆိုးမင်းသားလေး၏ဒုတိယမြောက်ပြည်ပခရီးစဉ်တွင်အပြောင်းအလဲများစွာကိုကြုံတွေ့
ရသည်။မိုးနဂါးတိုင်းတွင်ပညာသင်ယူစဉ်က
တွေ့ဆုံခဲ့သည့်မင်းသားများကစိန်တောင်ပြည်
တွင်ပြန်တွေ့ကြသောအခါရုပ်ဆိုးမင်းသား
လေးကိုအရေးတယူနှုတ်ဆက်ကြသည်။

ရုပ်ဆိုးမင်းသားလေးကိုသုံးနှစ်တာကာလအတွင်းမှာနိုင်ငံတော်တိုးတက်ရေးအတွက်အကောင်းဆုံးဆောင်ရွက်နိုင်သည့်မင်းသားအဖြစ်အသိအမှတ်ပြု ကြသည်။

အိမ်ရှေ့စံအပ်နှင်းပွဲအခမ်းအနားပြီးဆုံးသွားချိန်တွင်ဧည့်သည်တော်မင်းသားများကနားနေဆောင်အသီးသီးသို့ပြန်သွားကြသည်။

စိန်တောင်မင်းသားကလည်းသူ့အဆောင်တော်သို့ပြန်လာခဲ့သည်။သူ့အဆောင်တော်သို့
ရောက်လျှင်သူ့ကိုယ်ရံတော်မန္ဒုကိုမေးလိုက်သည်။

“အခမ်းအနားပွဲမှာတုန်းကဟိုမင်းသားသုံးယောက်ကိုတွေ့လား"

“ဘယ်မင်းသားတွေကိုပြောတာလဲဘုရား"

“ဟိုစွယ်တော်ရွက်လိုဖြစ်နေတဲ့မင်းသားသုံးပါးကိုပြောတာ"

“သြော်…ရုပ်ဆိုးမင်းသားလေးနဲ့ဟိုမင်းသား
နှစ်ပါး"

“ဟုတ်တယ်။သူတို့သုံးယောက်ကိုကြည့်ရတာမင်းသားသုံးပါးနဲ့တောင်မတူတော့ဘူး။မိုးနဂါးမင်းသားနဲ့ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားရဲ့သက်တော်စောင့်တွေလိုပဲ။အခမ်းအနားပွဲမှာကော
၊ဧည့်ခံပွဲမှာကောရုပ်ဆိုးမင်းသားဘေးကကပ်ပါ
နေတယ်။ဘယ်အချိန်ကြည့်ကြည့်မျက်လုံးတွေကရုပ်ဆိုးမင်းသားဆီပဲရောက်နေကြတယ်။ရုပ်
ဆိုးမင်းသားကဘာအစွမ်းတွေနဲ့များဆွဲဆောင်
ထားလဲမသိဘူး"

The Ugly Prince(u&z)(Completed)Where stories live. Discover now