(နှစ်ဘက်အတွေး၊နှစ်ဘက်အမြင်)
ပညာတော်သင်ကျောင်းသားများပြန်လာပြီးဆယ်ရက်ခန့်အကြာတွင်ဆားတောင်ပြည်သို့မိုးန
ဂါးမင်းသားရောက်လာခဲ့သည်။ရုပ်ဆိုးမင်းသား
လေးကမိုးနဂါးမင်းသားကိုမြင်လျှင်တအံ့တသြ
နှင့်မေးလိုက်မိသည်။"နောင်တော်ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။ဆိုင်းမဆင့်ဗုံမဆင့်ပါလား"
"ညီတော့်ကိုတွေ့ရတာမျက်နှာပူလိုက်တာ"
"ဘာဖြစ်လို့လဲနောင်တော်"
"ညီတော့်ရဲ့ကျောင်းသားတွေလူစုံအောင်ပြန်
မလာကြဘူးဆို။တချို့တဝက်ပဲပြန်လာကြတယ်ဆို""ဟုတ်တယ်နောင်တော်"
"တောင်းပန်ပါတယ်"
"ဘာလို့တောင်းပန်ရမှာလဲ။ဒီကိစ္စကနောင်တော့်အမှားမှမဟုတ်တာ"
"ဒါပေမဲ့ညီတော့်ရဲ့ကျောင်းသားတွေကိုနောင်တော်ကလူစုံအောင်ပြန်မအပ်နိုင်ခဲ့ဘူးလေ။သူတို့
ပြန်တော့မယ့်အချိန်မှာနောင်တော်ကနယ်စပ်ကို
ရောက်နေခဲ့တယ်""နောင်တော်ခရီးထွက်နေတယ်လို့ညီတော်လည်းသတင်းကြားခဲ့ပါတယ်"
"ဟုတ်တယ်ညီတော်။မိုးနဂါးတိုင်းရဲ့လက်အောက်ခံပြည်နယ်တစ်ခုမှာဘုရင်ခံရွေးချယ်တင်မြှောက်ဖို့အတွက်ခမည်းတော်ကိုယ်စားသွားခဲ့ရတယ်။မထင်မှတ်ဘဲဟိုမှာတစ်လလောက်ကြာသွားတယ်။
နောင်တော်ပြန်လာတော့ညီတော့်ရဲ့ကျောင်းသားတွေကမရှိကြတော့ဘူး။ဒါနဲ့ပဲကျောင်းသား
တွေရဲ့အခြေအနေကိုမေးရင်း၊ညီတော့်ကိုလည်းတွေ့ရင်းဆိုပြီးဆားတောင်ပြည်ကိုလိုက်လာခဲ့တာ။ဒီရောက်တော့မှညီတော့်ရဲ့ကျောင်းသား
တွေတစ်ဝက်နီးပါးလောက်ကပြန်မလာကြဘူးဆိုတာသိလိုက်ရတာ""ဟုတ်တယ်နောင်တော်။တချို့ကျောင်းသားတွေကနောင်တော့်ရဲ့တိုင်းပြည်မှာနေခဲ့ကြတယ်"
"ညီတော်စိတ်မကောင်းဖြစ်နေမယ်ဆိုတာနောင်တော်သိတယ်။နောင်တော်မိုးနဂါးတိုင်းကိုပြန်ရောက်ရင်ကျန်နေတဲ့ကျောင်းသားတွေကိုအ
မိန့်ထုတ်ပြီးဆားတောင်ပြည်ကိုပြန်လာခိုင်းလိုက်မယ်"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...