အခန်း(၆)

340 26 0
                                    

(လက်ရည်တစ်ပြင်တည်းထမင်းဝိုင်း)

မိုးနဂါးတက္ကသိုလ်သို့စရောက်ကတည်းကရုပ်
ဆိုးမင်းသားလေးစတင်လုပ်ဆောင်ခဲ့သည့်အလုပ်မှာအတိုင်းတိုင်းအပြည်ပြည်မှမင်းသားများကိုစောင့်ကြည့်လေ့လာခြင်းပင်ဖြစ်သည်။

နောင်တစ်ချိန်တွင်နိုင်ငံတော်၏အရှင်သခင်ပ
ဒေသရာဇ်၊ဧကရာဇ်များဖြစ်လာကြမည့်မင်းသားများကိုမည်သူ့ကိုမှလျှော့တွက်လို့မရပေ။နောင်
တစ်ချိန်တွင်မိမိနှင့်ထိပ်တိုက်ရင်ဆိုင်ကြရမည့်သူများဖြစ်သည်။

ထိုသို့တွေးမိတော့ဆားတောင်ပြည်အကြောင်းကခေါင်းထဲအလိုလိုရောက်လာသည်။မိမိတို့
တိုင်းပြည်၏အခြေအနေ။

တစ်တိုင်းပြည်လုံးကိုဖုံးလွှမ်းနေသည်ကဆား
ကျောက်တောင်များဖြစ်သည်။ဘယ်နေရာရေ
တွင်းတူးတူးရေငံသာထွက်ရှိသဖြင့်သောက်ရေပင်ရှားပါးခက်ခဲလွန်းသည့်တိုင်းပြည်။

စားနပ်ရိက္ခာအခြေအနေဆိုလျှင်ပို၍ပင်ဆိုးလေ
ပြီ။စိမ့်မြစ်ကမ်းဘေးတစ်လျှောက်မြစ်ဝှမ်းလွင်ပြင်မှလွဲ၍တစ်တိုင်းပြည်လုံးစိုက်ပျိုးရေးလုပ်ဆောင်၍မရ။တိရိစ္ဆာန်အစာရှားပါး၍မွေးမြူ ရေးလည်းလုပ်ဆောင်၍မရ။

ပြည်သူများ၏အလုပ်အကိုင်ကိုလည်းစဉ်းစားကြည့်မိသည်။ကျောက်ခဲတမျှမာကျောလှသည့်ဆား
ကျောက်တောင်များတွင်ဆားခဲများကိုခဲရာခဲဆစ်
တူးဖော်ဖဲ့ထွင်ကြရသည်။ဆားခဲများကိုဆားမှုံ့
များဖြစ်အောင်ထုခွဲကြရသည်။

အာဟာရချို့တဲ့ပြီးကြုံလှီသည့်ခန္ဓာကိုယ်ကိုပိုင်
ဆိုင်ထားကြသည့်ဆားကျင်းမြေအလုပ်သမားများကဆားတောင်းများကိုမနိုင့်တနိုင်သယ်ပိုးပြီးဆားကုန်သည်တို့ထံပို့ဆောင်ပေးကြရသည်။

ဤသည်ကတိုင်းသူပြည်သားတို့၏အားကိုးအားထားပြုရသည့်အလုပ်အကိုင်။ချမ်းသာခြင်းနတ္ထိ။စားဖို့ပင်အနိုင်နိုင်။ပြည်သူအားလုံး၏တစ်ခုတည်းသောမျှော်လင့်ချက်ကမိမိပင်ဖြစ်သည်။

“ရုပ်ဆိုးမင်းသားလေးအရွယ်ရောက်လျှင်တိုင်း
ပြည်ကိုကယ်တင်ပေးလိမ့်မည်"ဟူသောနိမိတ်
စကား။ထိုနိမိတ်စကားတစ်ခွန်းကိုလက်ကိုင်ပြု
ပြီးမိမိတို့ဘဝကိုအလျှော့မပေးဘဲကြိုးစားရှင်သန်နေကြသည့်ပြည်သူများ။ထိုပြည်သူများ၏ဘဝ
ရှေ့ရေးကိုတာဝန်ယူရမည့်မိမိ၏ဘဝပေးကံကြမ္မာ။

The Ugly Prince(u&z)(Completed)Where stories live. Discover now