အခန်း(၂၂)

222 18 0
                                    

(သွေးသောက်ညီအကို)

မိုးနဂါးမင်းသားနဲ့ရုပ်ဆိုးမင်းသားကနှစ်ဦးတည်းသီးသန့်တွေ့ဆုံကြသည်။ရုပ်ဆိုးမင်းသားကမိုးနဂါးမင်းသားကိုအရင်ဆုံးပြောလိုက်သည်။

“နှုတ်ဆက်ပွဲနေ့ကအကူအညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာမလိုပါဘူး"

“ဒါပေမဲ့လည်းကျေးဇူးတင်မှဖြစ်မယ်။ဧည့်ခံပွဲမှာကျွေးမွေးမဲ့အစားအသောက်တွေအကုန်လုံးကိုဆားမထည့်ဘဲချက်ပေးဖို့တောင်းဆိုတာက
မဖြစ်သင့်တဲ့ကိစ္စပါ။ဒါပေမဲ့လိုက်လျောပေးခဲ့လို့
တော်တော်လေးကိုအံ့သြခဲ့ရပါတယ်။တကယ်
ကိုကျေးဇူးတင်ပါတယ်"

“ဟုတ်ပါပြီ။အဲဒီကိစ္စကိုအသာထားလိုက်ပါတော့။အကြည်တော့်အနေနဲ့ဆားဈေးနှုန်းကိုဘယ်လောက်သတ်မှတ်ချင်ပါသလဲ"

“အသပြာနှစ်ရာ"

မိုးနဂါးမင်းသားအံ့အားသင့်သွားရသည်။

“အသင်အစတုန်းကအသပြာသုံးရာလို့တောင်းဆိုခဲ့တာမဟုတ်ဘူးလား"

“ဟုတ်ပါတယ်"

“ဘယ်လိုကြောင့်နှစ်ရာဖြစ်သွားရတာလဲ"

“ဆားရဲ့မူလဈေးနှုန်းကအသပြာတစ်ရာပါ။နှစ်ရာလို့ပြောင်းလဲလိုက်ရင်ဈေးနှုန်းကနှစ်ဆဖြစ်သွားပါပြီ။သုံးရာလို့ပြောလိုက်တာကဘယ်သူမှလက်မခံချင်အောင်ပြောလိုက်တာ"

“အထူးအဆန်းပဲ။ဘာဖြစ်လို့လက်မခံချင်အောင်ပြောတာလဲ"

“ဘယ်သူမှလက်မခံချင်မှကျွန်ုပ်ရဲ့ရည်ရွယ်ချက်အောင်မြင်မှာလေ"

“အသင့်ရဲ့ရည်ရွယ်ချက်ကဘာလဲ"

“ကျွန်ုပ်ရဲ့ရည်ရွယ်ချက်ကဆားကိုအပေါစားပစ္စည်းတစ်ခုလို့မမြင်စေချင်ဘူး။ဆားရဲ့ဈေးနှုံးကမများရင်တောင်မှရှားပါးပြီးတန်ဖိုးရှိတဲ့ပစ္စည်းလို့မြင်စေချင်တယ်"

မိုးနဂါးမင်းသားရဲ့မျက်နှာကပြုံးသွားသည်။

“အသင်ကအခွင့်အရေးကိုရသလောက်မယူတတ်တဲ့လူမျိုးပဲ။တကယ်ဆိုရင်ကျွန်ုပ်ကတောင်းသလောက်ပေးမယ်လို့ပြောထားပြီးသားပါ”

The Ugly Prince(u&z)(Completed)Where stories live. Discover now