ဆားတောင်ပြည်၏စစ်သူကြီးနေရဲဗလရုပ်ဆိုးမင်းသားလေး၏ရှေ့တော်မှောက်သို့ရောက်ရှိလာခဲ့သည်။
“ကျွန်တော်မျိုးမင်းသားလေးရဲ့ခြေတော်ရင်းကိုအခစားရောက်ရှိပါပြီဘုရား”
“ကောင်းလေစွမောင်မင်း”
“ကျွန်တော်မျိုးကိုဆင့်ခေါ်ရတဲ့အကြောင်းရင်းကိုသိပါရစေဘုရား"
“အကြောင်းရင်းကတော့ဒီအောင်ပန်းသာကုန်
သွယ်ရေးနယ်မြေအတွင်းမှာလုံခြုံရေးတင်းကြပ်ဖို့အတွက်ပဲ။ဆင်ဖြူ တိုင်းကကုန်သည်ကြီးငွေထုပ်ပျောက်ဆုံးသွားတဲ့အမှုကိုစစ်သူကြီးကြား
ပြီးပြီမဟုတ်လား"“ကြားပြီးပါပြီဘုရား”
“ဒီကိစ္စကကျွန်ုပ်တို့တိုင်းပြည်ကပြည်သူတွေရဲ့
လုပ်ရပ်ဟုတ်ချင်မှဟုတ်မယ်။ကျွန်ုပ်တို့တိုင်းပြည်မှာသူခိုးဓားပြဆိုတာမရှိခဲ့ဖူးဘူးလေ။ဒါပေမဲ့
ဒီကိစ္စကြောင့်ကျွန်ုပ်တို့တိုင်းပြည်သိက္ခာကျလှတယ်”“မှန်ပါတယ်မင်းသားလေးဘုရား။အောင်ပန်းသာဒေသမှာအတိုင်းတိုင်းအပြည်ပြည်ကလူမျိုး
ပေါင်းစုံဝင်ထွက်နေတော့အဲဒီလူတွေထဲမှာမသမာသူတွေလည်းပါလာနိုင်ပါတယ်”“ကျွန်ုပ်သိတယ်။ဒါကြောင့်ဒီနေရာကိုလုံခြုံရေးတင်းကြပ်ဖို့စီစဉ်ရတာ"
မင်းသားလေးကစစ်သူကြီးနှင့်စကားပြောနေရာမှစစ်သူကြီးနားတွင်ထိုင်နေသည့်လူငယ်လေးကိုကြည့်ပြီးမေးလိုက်သည်၊
“ဒါနဲ့ဒီကလေးကဟိုသူတောင်းစားလေးမဟုတ်လား"
“ဟုတ်ပါတယ်ဘုရား"
“သူတော်တော်တိုးတက်နေပြီလား"
“တိုးတက်ပါတယ်ဘုရား။သူကဘယ်ပညာရပ်မဆိုခဏလေးနဲ့သင်ယူတတ်မြောက်ပါတယ်။အံ့
သြစရာကောင်းလောက်အောင်ဉာဏ်ထက်မြတ်တဲ့ကလေးပါဘုရား"“သူ့နာမည်ဘယ်သူတဲ့လဲ"
“ဝဏ္ဏပါဘုရား”
မင်းသားလေးကခေါင်းတဆတ်ဆတ်ငြိမ့်ရင်း
ဝဏ္ဏကိုပြောလိုက်သည်။“ကဲဝဏ္ဏ…ဟိုစာအုပ်စင်ပေါ်ကကုန်သွယ်မှုဆိုင်ရာမှတ်တမ်းကိုယူပေးပါ”
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...