အခန်း-၄၆(S-2)

137 12 0
                                    

(ဘုရင့်တူတော်)

ညနေခင်းနေဝင်ရီတရောအချိန်တွင်ရုပ်ဆိုးမင်းသားလေးနှင့်ဆင်ဖြူ မင်းသားတို့နှစ်ယောက်ရ
တနာပူရနေပြည်တော်သို့ရောက်လာကြသည်။နှစ်ယောက်သားမြို့ထဲရှိတည်းခိုခန်းတစ်ခုတွင်ဝင်ရောက်တည်းခိုကြပြီး၎င်းတည်းခိုခန်းမှာပင်ညနေစာစားကြသည်။ဆင်ဖြူ မင်းသားကည
နေစာစားရင်းစားပွဲထိုးကိုမေးမြန်းကြည့်လိုက်
သည်။

“ဒီမှာနောင်ကြီးဒီမြို့မှာမဟာမြိုင်တောကြီးထဲကိုသွားဖူးတဲ့သူရှိလား"

စားပွဲထိုးကဆင်ဖြူ မင်းသားမေးသည်ကိုပြန်မ
ဖြေဘဲဆင်ဖြူ မင်းသားကိုစူးစမ်းသည့်အကြည့်
နှင့်ကြည့်နေသည်။ဆင်ဖြူ မင်းသားစိတ်ထဲတွင်
ကသိကအောက်ဖြစ်သွားပြီးစားပွဲထိုးကိုထပ်မေးလိုက်သည်။

“ဘာဖြစ်လို့လဲနောင်ကြီး။ကျုပ်ကမမေးသင့်တဲ့
မေးခွန်းကိုမေးလိုက်မိလို့လား"

“မဟုတ်ပါဘူး။ကျုပ်စိတ်ထဲမှာထူးဆန်းနေလို့ပါ"

“ဘာတွေထူးဆန်းနေလို့လဲ။ကျုပ်ကမဟာမြိုင်
တောအကြောင်းမေးလိုက်လို့လား"

“ဟုတ်တယ်။မဟာမြိုင်တောကတောကြမ်းလို့
သွားရဲတဲ့လူသိပ်မရှိဘူး။ငါ့ညီတို့ကဆင်ဖြူ တိုင်းကလာကြတာလား"

စားပွဲထိုးစကားကြောင့်ဆင်ဖြူ မင်းသားရောရုပ်ဆိုးမင်းသားလေးပါအံ့အားသင့်သွားပြီးတစ်
ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

“နောင်ကြီးကဘယ်လိုလုပ်သိတာလဲ"

“ဒီလိုပဲမှန်းကြည့်လိုက်တာပါ။မဟာမြိုင်တောထဲမှာရှားပါးတဲ့ဆေးပင်ဆေးမြစ်တွေရှိတယ်လေ။ဆင်ဖြူ တိုင်းကဆေးပညာရှင်တွေကဆေးနဲ့ပတ်
သတ်ရင်အရူးအမူးဖြစ်တတ်ကြတယ်။မဟာမြိုင်တောထဲကိုလမ်းပြငှားပြီးစွန့်စွန့်စားစားသွားတတ်ကြတာဆင်ဖြူ တိုင်းကဆေးပညာရှင်တွေပဲရှိတယ်။ဒါပေမဲ့ကြာပါပြီ။အဲဒါတွေကကျုပ်ငယ်ငယ်တုန်းကအဖြစ်အပျက်တွေပါ"

ဆင်ဖြူ မင်းသားကစားပွဲထိုးစကားကိုစိတ်ဝင်
စားသွားသည်။

“နောင်ကြီးငယ်ငယ်တုန်းကအဖြစ်အပျက်တွေဆိုတော့အခုကောဆင်ဖြူ တိုင်းကဆေးပညာရှင်တွေဒီကိုလာကြသေးလား"

The Ugly Prince(u&z)(Completed)Where stories live. Discover now