အခန်း-၉၂(S-4)

85 7 0
                                    

အောင်ပန်းသာကုန်သွယ်ရေးဌာနရှိရုပ်ဆိုးမင်းသားလေး၏စံနန်းဆောင်သို့ဆားတောင်နန်းတော်မှအထောက်တော်တစ်ဦးရောက်ရှိလာခဲ့သည်။၎င်းအထောက်တော်ကရုပ်ဆိုးမင်းသားလေးကိုဝင်ရောက်ခစားပြီးလျှောက်တင်လိုက်သည်။

“မင်းသားလေးဘုရား…ရတနာပူရတိုင်းရဲ့ဘုရင်မင်းမြတ်ကနေပြည်တော်ကိုချစ်ကြည်ရေးခရီး
ရောက်ရှိနေပါတယ်ဘုရား”

ရုပ်ဆိုးမင်းသားလေးအံ့အားသင့်သွားမိသည်။ရတနာပူရတိုင်းနှင့်ဆားတောင်ပြည်မှာသံတမန်အဆက်အသွယ်မရှိသေးကြောင်းကိုသိနေသ
ဖြင့်အထောက်တော်ကိုသေချာအောင်ပြန်မေးလိုက်သည်။

“ရတနာပူရတိုင်းရဲ့ဘုရင်မင်းမြတ်ဟုတ်လား
မောင်မင်း"

“မှန်လှပါဘုရား"

“သူကဘယ်လိုလုပ်ပြီးချစ်ကြည်ရေးခရီးရောက်
ရတာလဲ။ကျွန်ုပ်တို့တိုင်းပြည်နဲ့ဘယ်တုန်းကသံတမန်အဆက်အသွယ်ရှိလို့လဲ”

“မှန်လှပါဘုရား…ရတနာပူရဘုရင်မင်းမြတ်ကသံတောင်ပြည်နဲ့လက်နက်အရောင်းအဝယ်လုပ်ဖို့ကိစ္စဆွေးနွေးဖို့လာရင်းဒီဒေသမှာနာမည်
ကြီးနေတဲ့ရုပ်ဆိုးမင်းသားလေးအကြောင်းကို
ကြားသိသွားခဲ့ပါတယ်တဲ့ဘုရား။ဒါကြောင့်ဆား
တောင်ပြည်ကိုလာရောက်ချင်ပါတယ်လို့သံတောင်ပြည်ကနေတဆင့်ဘုရင်မဆီကိုအကြောင်းကြားစာပို့ခဲ့ပါတယ်။ဘုရင်မကလက်ခံလို့ရတ
နာပူရဘုရင်မင်းမြတ်ကဆားတောင်ပြည်ကိုရောက်လာခဲ့တာပါ။

ရတနာပူရဘုရင်ကဘုရင်မကိုတွေ့တွေ့ချင်းရုပ်ဆိုးမင်းသားလေးနဲ့တွေ့ဆုံချင်ပါတယ်လို့ပြောခဲ့ပါတယ်တဲ့ဘုရား"

“တွေ့ဆုံချင်ရင်တွေ့ဆုံရမှာပေါ့။ရတနာပူရက
နေဒီအထိတောင်လာခဲ့ရတဲ့သူကိုကျွန်ုပ်ကမတွေ့ဆုံလို့ဘယ်ဖြစ်မလဲ"

“မှန်လှပါဘုရား…ဘုရင်မကမင်းသားလေးကိုနန်းတော်ကြွခဲ့ဖို့အဆင်ပြေလားလို့မေးခိုင်းလိုက်
ပါတယ်။အကယ်၍အဆင်မပြေဘူးဆိုရင်ရတ
နာပူရဘုရင်မင်းမြတ်ကအောင်ပန်းသာကုန်သွယ်ရေးဌာနကိုလေ့လာရေးခရီးအနေနဲ့ကြွချီလာခဲ့ပါ့မယ်တဲ့ဘုရား”

The Ugly Prince(u&z)(Completed)Where stories live. Discover now