အခန်း(၃၉)

183 19 0
                                    

(အတိတ်၏ပုံရိပ်များ)

စိန်တောင်ပြည်အရေးကိစ္စပြီးဆုံးသွားချိန်တွင်
ဆင်ဖြူ မင်းသားနှင့်မိုးနဂါးမင်းသားတို့ပြန်သွား
ကြသည်။သို့သော်တစ်ပတ်ခန့်အကြာတွင်ဆင်
ဖြူ မင်းသားပြန်ရောက်လာခဲ့သည်။ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားကိုကြည့်ပြီးအံ့အားသင့်နေမိသည်။

“မင်းဘာဖြစ်လို့ပြန်ရောက်လာတာလဲ"

“လက်ဆောင်ပေးချင်လို့"

“လက်ဆောင်…ဘာလက်ဆောင်လဲ။မင်းငါ့ကို
စစ်ကူပေးထားတာ။ငါကတောင်လက်ဆောင်ပေးရဦးမှာမဟုတ်ဘူးလား"

ရုပ်ဆိုးမင်းသားလေးစကားကြောင့်ဆင်ဖြူ မင်းသားကရယ်နေသည်။ပြီးမှသူယူလာသည့်လက်
ဆောင်ဘူးကိုဖွင့်ပြသည်။ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားပေးသည့်လက်ဆောင်ကိုကြည့်ပြီးမျက်မှောင်ကြုတ်သွားမိသည်။လက်ဆောင်ကစိန်ပွင့်လေးများစီခြယ်ထားသည့်ပတ္တမြားလည်ဆွဲတစ်ကုံး။

“ဒါကဘာလဲ။ဒီလိုလက်ဝတ်ရတနာမျိုးကိုငါဘယ်တုန်းကဝတ်ဖူးလို့လဲ”

ဆင်ဖြူ မင်းသားမျက်နှာတည်သွားသည်။

“ဘယ်သူကမင်းကိုပေးမယ်ပြောလို့လဲ"

“အဲဒါဆိုလက်ဆောင်ပေးချင်တယ်လို့ဘာလို့
ပြောလဲ"

“မင်းအမတော်ကိုပေးချင်တာလေ။မင်းကိုအရင်
ပြကြည့်တာ။ဘယ်လိုလဲလှတယ်မဟုတ်လား”

“လှတယ်"

“ငါဆားတောင်ပြည်ကိုလာတာအခေါက်ပေါင်းမနည်းတော့ဘူး။မင်းအမတော်လည်းငါ့ကိုမြင်ပါများလို့မျက်စေ့တောင်နောက်နေလောက်ပြီ။ဒါပေမဲ့ငါသူ့ကိုတစ်ခါမှလက်ဆောင်မပေးဖူးသေးဘူး။အဲဒါကြောင့်မို့ယူလာတာ။မင်းသူ့ကိုပေးပေးနော်"

“ရပါတယ်"

“ဒါကမှမင်းအတွက်”

ဆင်ဖြူ မင်းသားကသူ့ထုံးစံအတိုင်းဖိနပ်လေးကိုပေးရင်းရုပ်ဆိုးမင်းသားလေးခြေထောက်ကိုငုံ့ကြည့်သည်။

“မင်းစီးထားတဲ့ဖိနပ်ကဟောင်းနေပြီ။အသစ်လဲလိုက်တော့”

“မလဲပါဘူး။ဒီဖိနပ်ကကောင်းပါသေးတယ်”

The Ugly Prince(u&z)(Completed)Where stories live. Discover now