အခန်း-၁၀၀(S-4)

95 6 1
                                    

ိနွေနေ့လည်ခင်းအချိန်မို့ဆားတောင်ပြည်၏နေ
ရောင်ခြည်ကပူပြင်းတောက်ပလွန်းနေသည်။ဆောက်လုပ်ရေးလုပ်ငန်းခွင်မှအလုပ်သမားများကနေပူရှိန်သက်သာရာနေရာများတွင်အစုအဖွဲ့လိုက်အနားယူနေကြသည်။ရုပ်ဆိုးမင်းသားလေးကတဲနန်းအတွင်းတွင်စာရွက်စာတမ်းများဖြင့်အလုပ်ရှုပ်နေသည်။

ငချစ်ညိုကမင်းသားလေးအတွက်ဖျော်ရည်တစ်
ခွက်ပြင်ဆင်ပြီးယူဆောင်လာသည်။တဲနန်းအပေါက်ဝသို့ရောက်လျှင်မျက်နှာချင်းဆိုင်မှလူတစ်ယောက်ကိုမြင်ပြီးငချစ်ညိုအံ့အားသင့်သွားရသည်။

“ဆင်ဖြူ မင်းသားပါလား။ဘာကိစ္စများရှိလို့ပါလဲ"

“ရုပ်ဆိုးမင်းသားလေးနဲ့တိုင်ပင်စရာရှိလို့လာခဲ့တာပါ။မောင်မင်းကောမုန်တိုင်းနေရာမှာအစား
ဝင်ကြည့်လိုက်တော့ဘယ်လိုနေလဲ။အဆင်ပြေရဲ့လား"

“ကျွန်တော်မျိုးမင်းသားလေးကိုကြည့်ပြီးစိုးရိမ်ပူပန်မိပါတယ်။မုန်တိုင်းကိုလည်းကိုယ်ချင်းစာမိသွားတယ်။မင်းသားလေးကသူ့ကိုယ်သူညှာတာရကောင်းမှန်းမသိဘူး။ဒီလိုပူပြင်းလှတဲ့နေရောင်ခြည်အောက်မှာနေပူထဲသွားလာနေတာ။ကျွန်တော်မျိုးရဲ့စိတ်အလိုအရဆိုဖျော်ရည်ထဲအိပ်ဆေးခပ်ပြီးနန်းတော်ကိုပြန်ခေါ်သွားလိုက်ချင်တယ်"

ငချစ်ညိုစကားကြောင့်ဆင်ဖြူ မင်းသားရယ်လိုက်မိသည်။

“ကျွန်ုပ်လည်းအဲဒီလိုလုပ်လိုက်ချင်တယ်။နှစ်
ယောက်ပေါင်းပြီးလုပ်ကြမလား”

“လုပ်မယ်လေ"

“သူအိပ်ပျော်သွားရင်ဆားတောင်နန်းတော်ကိုမခေါ်ဘဲဆင်ဖြူ နန်းတော်ကိုခေါ်သွားမယ်။ဟိုမှာကနွေရာသီဆိုပေမဲ့ရာသီဥတုသမမျှတတော့နေရထိုင်ရတာကောင်းတယ်။တစ်လလောက်ပြန်မလွှတ်ဘဲအနားယူခိုင်းလိုက်မယ်"

“အဲဒီလိုလုပ်ရင်ကောင်းတာပေါ့မင်းသားလေး
ရယ်။ဒါပေမဲ့…"

“ဒါပေမဲ့ဘာဖြစ်လဲ"

“ဘုရင်မကိုမကြောက်ပေမဲ့မိုးနဂါးမင်းသားကို
ကြောက်ပါတယ်”

“သြော်…ဟား…ဟား…ဟား။ဟုတ်တယ်…ဟုတ်တယ်…ဘုရင်မကကျွန်ုပ်ရဲ့လုပ်ရပ်ကိုနားလည်ပေးကောင်းပေးလိမ့်မယ်။နောင်တော်ကြီးက
တော့ရမှာမဟုတ်ဘူး။သူ့ညီတော်ကိုခေါ်သွားရပါ့မလားဆိုပြီးခေါဘဏီတပ်ကြီးနဲ့လိုက်လာမှာ…ဟား…ဟား…ဟား"

The Ugly Prince(u&z)(Completed)Where stories live. Discover now