အခန်း(၁၈)

235 24 0
                                    

(တန်ဖိုး)

နှစ်နှစ်။မိုးနဂါးတက္ကသိုလ်တွင်ပညာသင်ကြားသည့်ကာလနှစ်နှစ်ပြည့်မြောက်သွားခဲ့ပြီဖြစ်သည်။
ကျောင်းသားများအားလုံးကိုယ့်တိုင်းပြည်ကိုယ်
ပြန်ကြရပေတော့မည်။

မိုးနဂါးမင်းသားကကျောင်းသားများအားလုံးကိုနှုတ်ဆက်သည့်အနေဖြင့်စားသောက်ပွဲကြီးတစ်ခုကျင်းပပေးသည်။စားသောက်ပွဲကျင်းပသည့်နေ့
တွင်ခန်းမဆောင်အတွင်းမင်းသားများအားလုံးစုံညီစွာရောက်ရှိနေသော်လည်းရုပ်ဆိုးမင်းသားလေးမလာသေးသဖြင့်မိုးနဂါးမင်းသားကစားသောက်ပွဲကိုမစသေးဘဲအချိန်ဆွဲနေသည်။

မင်းသားများထံမှတစ်ယောက်တစ်ပေါက်ပြောဆိုသံများဆူညံနေစဉ်ရုပ်ဆိုးမင်းသားလေးခန်းမဆောင်ထဲသို့ဝင်လာခဲ့သည်။ရုပ်ဆိုးမင်းသားကအနီရောင်ကတ္တီပါဘူးတစ်ဘူးကိုကိုင်ပြီးမိုးနဂါးမင်းသားထံသို့တည်ငြိမ်သောခြေလှမ်းများ
ဖြင့်လှမ်းလာခဲ့သည်။မိုးနဂါးမင်းသားရှေ့သို့ရောက်လျှင်ရုပ်ဆိုးမင်းသားကမျက်နှာချင်းဆိုင်ရပ်
ပြီးနှုတ်ခွန်းဆက်သလိုက်သည်။

"မင်္ဂလာရှိသောနေ့ဖြစ်ပါစေအကြည်တော်မင်းသား"

"မင်္ဂလာရှိသောနေ့ပါရုပ်ဆိုးမင်းသား"

ရုပ်ဆိုးမင်းသားကအတည်အတံ့စကားကိုသုံးနှုံးလိုက်သဖြင့်ဆင်ဖြူ မင်းသားကပြုံးလိုက်မိသည်။မင်းသားများကပညာသင်ကာလပြီးဆုံးသွားပြီမို့မင်းသားတို့၏အဆောင်အယောင်များကိုအပြည့်အစုံဝတ်ဆင်ထားကြသည်။စကားအသုံးအ
နှုံးကအစကျောင်းသားလေသံမဟုတ်ကြတော့
ပေ။ထို့ကြောင့်ရုပ်ဆိုးမင်းသားကမင်းသားတစ်
ပါး၏အသုံးအနှုံးကိုသုံးလိုက်ခြင်းဖြစ်သည်။

ရုပ်ဆိုးမင်းသားကမိုးနဂါးမင်းသားကိုပြောလိုက်သည်။

"ဒီနေ့နှုတ်ဆက်ပွဲအခမ်းအနားကိုကျင်းပပေးတဲ့အတွက်အကြည်တော်မင်းသားကိုကျေးဇူးတင်
ပါတယ်။ကျေးဇူးတင်တဲ့အနေနဲ့ကျွန်ုပ်ကအသင့်အတွက်လက်ဆောင်တစ်ခုယူလာပါတယ်"

"ဘာလက်ဆောင်များလဲ"

"အဲဒီလက်ဆောင်ကိုပေးပြီးရင်ကျွန်ုပ်ကအကြည်တော့်ကိုမေးခွန်းတစ်ခုမေးချင်ပါတယ်။ခွင့်ပြု
နိုင်ပါသလား"

The Ugly Prince(u&z)(Completed)Donde viven las historias. Descúbrelo ahora