အခန်း-၁၀၁(S-4)

276 10 3
                                    

"ဘုရင်မကသားတော်လေးမွေးဖွားပါတယ်
ဘုရား"

အပါးတော်မြဲငချစ်ညို၏လျှောက်တင်မှုကြောင့်ရုပ်ဆိုးမင်းသားလေး၏စိတ်ထဲတွင်နှလုံးပီတိဂွမ်းဆီထိသည့်ပမာကြည်နူးချမ်းမြေ့သွားရလေသည်။ဆားတောင်ပြည်ရဲ့အနာဂတ်အတွက်စိတ်
အေးသွားရပါပြီ။ကိုယ်ရံတော်မုန်တိုင်းနဲ့အမတော်နှင်းပွင့်ဘုရင်မတို့မှမွေးဖွားလာသည့်သားတော်လေးသည်ဆားတောင်ပြည်၏ထီးညွန့်နန်းလျာဆားတောင်မင်းသားလေးဖြစ်သည်။

ထိုမင်းသားလေးကိုအနာဂတ်အတွက်မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာစေဖို့သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးရပေမည်။တိုင်းပြည်၏အနာဂတ်
ကိုတူတော်အရင်းအချာမင်းသားလေးလက်ထဲကိုလွှဲပြောင်းပေးပြီးသွားရင်သူလည်းပဲလွတ်
မြောက်ပေတော့မည်။မျက်နှာဖုံးအောက်မှာဖုံး
ကွယ်နေခဲ့ရတဲ့ဘဝကြီးကိုအဆုံးသတ်နိုင်ပေ
တော့မည်။

အတွေးတွေနဲ့တင်ရုပ်ဆိုးမင်းသားလေးတစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားလေသည်။ဆားတောင်ပြည်ဘုရင်မသားတော်လေးမွေးဖွားကြောင်းကိုတစ်တိုင်းပြည်လုံးသိအောင်ကြေညာချက်
ထုတ်လိုက်သည်။တိုင်းသူပြည်သားများအားလုံးလည်းပျော်ရွှင်ဝမ်းမြောက်နေကြသည်။အိမ်နီး
ချင်းတိုင်းပြည်များနှင့်မဟာမိတ်တိုင်းပြည်များကလည်းဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့
ကြသည်။

ဆင်ဖြူ မင်းသားကတော့ဆားတောင်ပြည်ကိုလာရောက်ဖို့ရာအကြောင်းပြချက်တစ်ခုရရှိသွားခဲ့သည်။သူကမင်းသားငယ်လေးအတွက်လက်
ဆောင်ပစ္စည်းများသယ်ဆောင်ပြီးလူကိုယ်တိုင်
ရောက်ရှိလာခဲ့သည်။မင်းသားငယ်လေးကိုသူကိုယ်တိုင်ကြည့်ရှုပြီးကျန်းမာစေကြောင်းဆုတောင်းပေးသည်။ထို့နောက်ရုပ်ဆိုးမင်းသားလေးထံသို့ရောက်ရှိလာလေသည်။

နန်းတော်အတွင်းရှိနန်းမြင့်မျှော်စင်ပေါ်တွင်ရုပ်ဆိုးမင်းသားလေးနှင့်ဆင်ဖြူ မင်းသားတို့မတ်
တပ်ရပ်နေကြသည်။ဆားတောင်နေပြည်တော်
ကြီးကိုမျှော်စင်ပေါ်မှလွှမ်းခြုံကာငေးမောကြည့်
ရင်းရုပ်ဆိုးမင်းသားလေးကမျက်စိကိုစုံမှိတ်ကာလက်နှစ်ဖက်ကိုဆန့်တန်းလိုက်သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now