အခန်း(၈)

296 30 0
                                    

(ကြားနေသမားကိုမိတ်ဖွဲ့ခြင်း)

အားလပ်ရက်တစ်ရက်တွင်ရုပ်ဆိုးမင်းသားလေးကလူရှင်းသည့်နေရာတစ်နေရာရှာပြီးသစ်ပင်တစ်ပင်အောက်တွင်စာထိုင်ဖတ်နေသည်။ရုတ်တရတ်သူထိုင်နေသည့်သစ်ပင်ပေါ်မှာမြွေတစ်ကောင်ပြုတ်ကျလာသည်။

“ဘုတ်"

“အမေ့”

ရုပ်ဆိုးမင်းသားလေးကအလန့်တကြားထပြေး
ပြီးလူတစ်ယောက်ကိုဝင်တိုက်မိသွားသည်။ထိုလူကပါးပြင်းထောင်နေသည့်မြွေကိုကျွမ်းကျင်ပိုင်နိုင်စွာဖြင့်ဖမ်းကိုင်လိုက်သည်။

မြွေကိုဖမ်းလိုက်သူကပန်းတစ်ရာတိုင်းမှအဆိပ်မင်းသားဖြစ်သည်။သူမြွေကိုဖမ်းလိုက်ပြီးချိန်တွင်သူတို့အနီးသို့ဆင်ဖြူ မင်းသားနှင့်သူ့ကိုယ်ရံတော်ဘဒ္ဒတို့ရောက်လာခဲ့သည်။

ဆင်ဖြူ မင်းသားကမြွေကိုလက်တွင်ရစ်ပတ်ထားသည့်အဆိပ်မင်းသားကိုမနှစ်မြို့စွာကြည့်ရင်းမေးလိုက်သည်။

“မင်းဘယ်လိုလုပ်လိုက်တာလဲ"

“ငါကဘာလုပ်လို့လဲ"

“မင်းသူ့ကိုမြွေနဲ့ခြောက်နေတာမို့လား"

“ကြံကြီးစည်ရာ။ငါကမြွေဖမ်းပေးတာ"

“အဲဒါဆိုသတ်လိုက်"

“ဘာ”

“သတ်လိုက်လေ။အဲဒီမြွေကအဆိပ်ပြင်းတယ်"

“အဆိပ်ပြင်းတာသူ့ရဲ့မွေးရာပါဗီဇပဲ။သူ့ကိုသတ်ရအောင်သူ့မှာဘာအပြစ်ရှိလို့လဲ"

“တခြားလူတွေကိုကိုက်ကုန်ရင်ဘယ်လိုလုပ်မလဲ"

“ငါသူ့ကိုအဆိပ်ထုတ်ပေးလို့ရတယ်”

“ဟုတ်သားပဲ။မင်းကအဆိပ်တိုင်းပြည်ကပဲ”

အဆိပ်မင်းသားကစကားဆက်မပြောတော့ဘဲ
မြွေကိုကိုင်လျက်လှည့်ထွက်သွားသည်။ရုပ်ဆိုးမင်းသားကလည်းဆင်ဖြူ မင်းသားကိုတစ်ချက်ကြည့်ပြီးလှည့်ထွက်သွားသည်။ဆင်ဖြူ မင်းသားက
ကျောခိုင်းပြီးထွက်သွားကြသည့်မင်းသားနှစ်ပါးကိုကြည့်ရင်းပြောလိုက်မိသည်။

“ဒီနှစ်ယောက်ကိုကြည့်ရတာတစ်မျိုးကြီးပဲ"

“ဘာဖြစ်လို့လဲမင်းသားလေး"

The Ugly Prince(u&z)(Completed)Where stories live. Discover now