အခန်း(၁၀)

289 30 0
                                    

(ချောက်ကမ်းပါးအောက်တွင်)

ဂန္ဓမာဒနတောင်၏ချောက်ကမ်းပါးအောက်တွင်ရေကန်ကြီးတစ်ကန်ရှိနေသည်။နှစ်ယောက်
သားရေကန်ထဲပြုတ်ကျသွားသဖြင့်ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုရေကန်အစပ်သို့ဆွဲခေါ်လာခဲ့သည်။

ကမ်းစပ်တွင်နှစ်ယောက်သားလဲလျောင်းရင်းအ
မောဖြေနေကြသည်။အမောပြေသွားသည့်အခါမှနှစ်ယောက်လုံးငုတ်တုတ်ထထိုင်လိုက်ကြသည်။

ဆင်ဖြူ မင်းသားကပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်းတစ်နေရာသို့လက်ညှိုးထိုးပြသည်။

“ရုပ်ဆိုးမင်းသား…ဟိုမှာကြည့်ဦး။ဟိုနားကဟာဂူတစ်ခုထင်တယ်"

ရုပ်ဆိုးမင်းသားကဆင်ဖြူ မင်းသားပြသည့်နေရာကိုလှည့်ကြည့်လိုက်သည်။

“ဟုတ်မယ်ထင်တာပဲ"

“ငါတို့ဒီချောက်ကမ်းပါးအောက်ကနေမထွက်နိုင်ရင်နားဖို့နေရာတစ်ခုတော့ရှိဖို့လိုတယ်။ငါအဲဒီဂူထဲသွားကြည့်လိုက်ဦးမယ်"

“တောကောင်တွေအောင်းနေရင်ဘယ်လိုလုပ်မလဲ"

“မပူပါနဲ့ငါ့မှာဓားပါပါတယ်"

ဆင်ဖြူ မင်းသားကဂူရှိရာသို့ထွက်သွားသည်။ဂူထဲသို့ဝင်သွားပြီးခဏအကြာတွင်ဆင်ဖြူ မင်းသားကဂူထဲမှပြန်ထွက်လာပြီးရုပ်ဆိုးမင်းသား
လေးဆီပြန်လာသည်။

“လာငါတို့ဂူထဲသွားရအောင်"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားကိုတွဲထူလိုက်သည်။

“မကိုင်နဲ့"

“ဘာလဲ…မင်းခြေထောက်ဒဏ်ရာရထားလို့မင်းကိုကူညီတာလေ"

“မလိုဘူး"

“မင်းဘာတွေမာနကြီးနေတာလဲ"

“မာနကြီးတာမဟုတ်ဘူး။ကိုယ့်ဟာကိုယ်ဖြေး
ဖြေးထမယ်"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားကိုစိတ်ပျက်
သည့်အကြည့်နှင့်ကြည့်လိုက်မိသည်။

“ဒီမှာရုပ်ဆိုးမင်းသား…ငါတို့နှစ်ယောက်အခုချောက်ကမ်းပါးအောက်ကိုရောက်နေတာနော်"

The Ugly Prince(u&z)(Completed)Where stories live. Discover now