(မိုးနဂါးမင်းသား၏လက်ထပ်မင်္ဂလာပွဲ)
ရုပ်ဆိုးမင်းသားလေးကမုန်တိုင်းနှင့်အတူသင်
တိုင်းနယ်မှပြန်လာခဲ့သည်။နန်းတော်သို့ရောက်လျှင်အမတ်ကြီးကဆီးကြို ပြီးလျှောက်တင်
လိုက်သည်။“မိုးနဂါးမင်းသားကမင်းသားလေးကိုဖိတ်စာ
တစ်စောင်ပို့ထားပါတယ်ဘုရား"“ဘာဖိတ်စာလဲအမတ်ကြီး"
“မင်္ဂလာဖိတ်စာပါ"
မုန်တိုင်းအံ့အားသင့်သွားမိသည်။သူ့သခင်ရုပ်
ဆိုးမင်းသားလေးကမျက်နှာဖုံးတပ်ထားသဖြင့်
မျက်နှာအမူအရာကိုမမြင်ရသော်လည်းမျက်လုံးအနေအထားကတုန်လှုပ်သွားမှန်းသိသာနေသည်။ရုပ်ဆိုးမင်းသားလေးကအမတ်ကြီးလက်ထဲက
ဖိတ်စာကိုယူပြီးထွက်လာခဲ့သည်။အဆောင်တော်ထဲသို့ရောက်လျှင်မုန်တိုင်းကိုပြောလိုက်သည်။“ကျွန်ုပ်ကိုတစ်ယောက်တည်းပဲနေခွင့်ပြုပါ"
မုန်တိုင်းကအလိုက်တသိအဆောင်တော်ထဲမှပြန်ထွက်သွားသည်။သူ့သခင်မင်းသားလေးဘယ်
လောက်ထိခံစားနေရမယ်ဆိုတာသူအသိဆုံးမို့ဖျောင်းဖျပြောဆိုဖို့လည်းမကြိုးစားတော့ပေ။>>>>>>>>>
မိုးနဂါးမင်းသား၏မင်္ဂလာပွဲသို့အတိုင်းတိုင်းအပြည်ပြည်မှမင်းသားများတက်ရောက်လာကြသည်။မုန်တိုင်းကရုပ်ဆိုးမင်းသားလေးကိုယ်စားမင်္ဂလာပွဲသို့တက်ရောက်လာခဲ့ပြီးမိုးနဂါးမင်းသားကိုဦးညွှတ်အရိုအသေပြုလိုက်သည်။
“အရှင့်သားရဲ့မင်္ဂလာပွဲအတွက်ရုပ်ဆိုးမင်းသားလေးကမင်္ဂလာလက်ဖွဲ့ဆက်သခိုင်းလိုက်ပါတယ်"
“သူကိုယ်တိုင်မလာဘူးလား”
“မှန်လှပါဘုရား…မင်းသားလေးအလုပ်တွေ
ရှုပ်နေလို့ပါ”“ဘယ်လောက်ပဲအလုပ်ရှုပ်ရှုပ်ကျွန်ုပ်ကသူ့ရဲ့
နောင်တော်ပဲ။ကျွန်ုပ်ရဲ့မင်္ဂလာပွဲကိုသူကိုယ်တိုင်တက်ရောက်သင့်တာပေါ့”“မှန်ပါတယ်ဘုရား။မင်းသားလေးကိုယ်တိုင်မတက်ရောက်နိုင်တဲ့အတွက်ခွင့်လွှတ်ပေးတော်မူပါဘုရား။ကျွန်တော်မျိုးကမင်းသားလေးကိုယ်စား
မင်းသားလေးပေးလိုက်တဲ့မင်္ဂလာလက်ဖွဲ့ကိုယူလာပါတယ်ဘုရား”
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...