အခန်း(၁၄)

246 22 0
                                    

(ကံကြမ္မာနှင့်အပြိုင်)

ရုပ်ဆိုးမင်းသားလေးသတိပြန်ရလာသည်။သတိရရခြင်းသူ့မျက်နှာကိုကမန်းကတန်းစမ်းကြည့်လိုက်သည်။သူ့မျက်နှာတွင်မျက်နှာဖုံးကတပ်လျက်သားရှိနေသည်။

“ကျွီ"

အခန်းတံခါးဖွင့်သံနှင့်အတူအခန်းထဲကိုလူတစ်
ယောက်ဝင်လာသည်။

“မင်းသတိရပြီလား"

ဆင်ဖြူ မင်းသားကိုမြင်ပြီးရုပ်ဆိုးမင်းသားလေးအံ့အားသင့်သွားရသည်။

“ငါဘာဖြစ်သွားတာလဲ"

“စိန်တောင်မင်းသားကမင်းကိုဖမ်းသွားတာ"

“သူဘာဖြစ်လို့ငါ့ကိုဖမ်းတာလဲ"

“ငါလည်းသိချင်လို့သူ့နောက်ကိုလိုက်သွားခဲ့တာ"

ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးကိုသူ
တွေ့ကြုံခဲ့ရသမျှကိုပြောပြလိုက်သည်။

မီးပုံးပျံလွှတ်သည့်နေရာတွင်ရုပ်ဆိုးမင်းသားလေးကိုလူနှစ်ယောက်ကဖမ်းခေါ်သွားသည်။ဆင်ဖြူ မင်းသားကရုပ်ဆိုးမင်းသားလေးနောက်ကိုချက်ချင်းလိုက်သွားသည်။လမ်းတွင်ရုပ်ဆိုးမင်းသားလေးကိုဖြတ်လုလျှင်ရနိုင်သော်လည်းနောက်ကွယ်ကခိုင်းစေသူကိုသိချင်သဖြင့်နောက်ယောင်ခံပြီးလိုက်သွားခဲ့သည်။

ရုပ်ဆိုးမင်းသားလေးကိုဖမ်းခေါ်သွားကြသူများကတည်းခိုခန်းတစ်ခုထဲသို့ဝင်သွားကြသည်။ဆင်ဖြူ မင်းသားကချက်ချင်းကပ်လိုက်သွားပြီးအခန်းတံခါးကိုဝုန်းခနဲ့ကန်ဖွင့်လိုက်သည်။အခန်းထဲတွင်ရှိနေကြသူများအားလုံးကသူ့ကိုလှည့်ကြည့်
ကြသည်။စိန်တောင်မင်းသားကဆင်ဖြူ မင်းသားကိုမြင်တော့လွှတ်ခနဲ့အသံထွက်သွားသည်။

“ဆင်ဖြူ မင်းသား"

“မင်းတို့ဒါဘာလုပ်ကြတာလဲ"

“မင်းကကောဒီကိုဘာလာလုပ်တာလဲ"

“မင်းငါ့ကိုအဲ့လိုမေးပိုင်ခွင့်မရှိဘူး။ငါကရုပ်ဆိုး
မင်းသားနဲ့လျှောက်လည်နေတာ။မင်းလူတွေက
ရုပ်ဆိုးမင်းသားကိုဖမ်းသွားလို့ငါနောက်ကလိုက်
လာခဲ့တာ"

The Ugly Prince(u&z)(Completed)Where stories live. Discover now