အခန်း(၃၅)

185 20 0
                                    

(ဂုဏ်ထူးဆောင်ကျောင်းသားများ)

မင်းသားလေးကကျောင်းသားများကိုကြည့်ပြီး
ပြောလိုက်သည်။

“မောင်မင်းတို့ကျောင်းသား(၅၃)ယောက်ကိုကျွန်ုပ်ကဂုဏ်ထူးဆောင်ကျောင်းသားများအဖြစ်ဆုတံဆိပ်ချီးမြှင့်ပါ့မယ်"

မထင်မှတ်သည့်စကားကြောင့်ကျောင်းသားများခေါင်းပြန်မော့လာကြသည်။မင်းသားလေးကိုမယုံကြည်နိုင်စွာဖြင့်ကြည့်နေကြသည်။မင်းသားလေးကပြူးကြောင်ကြောင်လေးတွေဖြစ်
နေသည့်ကျောင်းသားများ၏မျက်နှာကိုကြည့်
ပြီးကျေနပ်စွာပြုံးလိုက်သည်။

“မောင်မင်းတို့ကကိုယ့်တိုင်းပြည်ကိုအလုပ်အကျွေးပြုဖို့အတွက်သစ္စာရှိရှိနဲ့ပြန်လာခဲ့ကြတဲ့လူတွေမို့ပါ။ကျန်တဲ့ကျောင်းသားတွေအမြင်မှန်ရပြီး
ပြန်လာခဲ့ရင်တော့မောင်မင်းတို့လိုမျိုးဂုဏ်ထူးဆောင်ဆုတံဆိပ်တွေရရှိမှာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီဆုတံဆိပ်ကတိုင်းပြည်အပေါ်မှာသစ္စာရှိတဲ့လူတွေကိုပဲပေးအပ်တဲ့အမှုထမ်းကောင်းတံဆိပ်မို့လို့ပါ"

မင်းသားလေးစကားကြောင့်ကျောင်းသားများ
၏ရင်ထဲတွင်အမျိုးအမည်မသိသောခံစားချက်
ကြီးတစ်ခုလှိမ့်ဝင်လာသည်။ဝမ်းနဲပြီးငိုချင်သလိုလိုဖြစ်လာကြပြီးမျက်တောင်လေးတွေပုတ်ခတ်
ပုတ်ခတ်ဖြစ်လာကြသည်။မျက်နှာကျက်ကိုမော့
ကြည့်သူကကြည့်။အသက်ပြင်းပြင်းရှူသူကရှူ။မသိမသာအင်္ကျီလက်နှင့်သုတ်သူကသုတ်။

ရုတ်တရတ်စိတ်မထိန်းနိုင်သူတစ်ယောက်ကတင်းထားသည့်ကြားမှရှိုက်သံပင်ထွက်လာသည်။ထိုလူကသူ့ကိုယ်သူပြန်ထိန်းရင်းလက်ကိုင်ပုဝါ
နှင့်နှာခေါင်းကိုပိတ်ပြီးခွီးခနဲ့ညှစ်လိုက်ရာသူ့ရဲ့
နှာညှစ်သံကြောင့်ခန်းမထဲတွင်ရယ်သံများဖုံးလွှမ်းသွားသည်။မင်းသားလေးကလည်းသူ့ကိုကြည့်ပြီးပြုံးနေသည်။မချိပြုံးမဟုတ်ဘဲ၊အစစ်အမှန်အပြုံးတစ်ခု။

မုန်တိုင်းကကျောင်းသားများ၏မျက်နှာကိုလိုက်
ကြည့်ပြီးအကဲခတ်နေမိသည်။ကျောင်းသားများအားလုံး၏ရင်ထဲတွင်ဝမ်းသာဝမ်းနဲခံစားနေရလိမ့်မည်ဟုမုန်တိုင်းအတပ်သိနေသည်။မင်းသားလေးကကျောင်းသားများကိုမေးလိုက်သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now