အခန်း-၇၀(S-3)

119 10 0
                                    

(ရုပ်ဆိုးမင်းသားလေး၏နေ့စဉ်မှတ်တမ်း)

နှင်းပွင့်ဘုရင်မကစာကြည့်ခန်းထဲရောက်လျှင်
သေတ္တာတစ်လုံးကိုဖွင့်ပြလိုက်သည်။

“နောင်တော်ဒီမှာကြည့်ပါ"

သေတ္တာထဲတွင်စာအုပ်တွေအထပ်လိုက်စီပြီးထည့်ထားသည်။ဘုရင်မကစာအုပ်တွေပေါ်ကပေချပ်တစ်ချပ်ကိုကောက်ကိုင်လိုက်သည်။

“ဒီစာအုပ်တွေကရုပ်ဆိုးမင်းသားလေးရဲ့နေ့စဉ်
မှတ်တမ်းတွေပါ။ဒါတွေကိုသူမရှိတုန်းညီမတော်
ယူထားတာ။နောင်တော့်ကိုပြချင်လို့ပါ”

“ဘာဖြစ်လို့ပြချင်တာလဲ"

“ဒါကိုဖတ်ကြည့်ပါနောင်တော်"

ဘုရင်မကပေချပ်ကိုမိုးနဂါးမင်းသားထံကမ်းပေးသည်။မိုးနဂါးမင်းသားကပေချပ်ကိုယူပြီးဖတ်ကြည့်လိုက်သည်။

“ငါ့ဘေးမှာဘယ်သူမှမရှိတော့ဘူး။ငါအချစ်ခင်ရဆုံးငါ့ရဲ့ခမည်းတော်ကငါ့ကိုထားခဲ့ပြီးနတ်ရွာစံသွားပြီ။ငါ့ကိုအမြဲတမ်းကူညီဖေးမပေးနေခဲ့တဲ့ငါ့ရဲ့နောင်တော်ကလည်းငါ့ကိုစွန့်ပစ်သွားပြီ။ငါ့မှာအားကိုးစရာဘယ်သူမှမရှိတော့ဘူး"

မိုးနဂါးမင်းသားကစာကိုငုံ့ဖတ်နေရာမှနှင်းပွင့်ဘုရင်မကိုမော့ကြည့်လိုက်သည်။

“ဒီစာကိုဘယ်တုန်းကရေးထားတာလဲ"

“ခမည်းတော်နတ်ရွာစံတုန်းကရေးထားတာလို့ထင်ပါတယ်”

မိုးနဂါးမင်းသားကပေချပ်၏နောက်ကျောကိုလှန်
ပြီးဖတ်ကြည့်လိုက်သည်။

“ငါစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး။ငါ့မှာအားကိုးစ
ရာမရှိတော့ပေမဲ့ငါ့ကိုအားကိုးပြီးနေနေကြတဲ့ငါ့ရဲ့ပြည်သူတွေရှိသေးတယ်။ငါ့မှာပူဆွေးသောကရောက်နေဖို့အချိန်မရှိဘူး။ငါ့ရဲ့ပြည်သူတွေအတွက်ငါအလုပ်လုပ်ရမယ်။ငါအလုပ်လုပ်မှရမယ်"

“ဟင်း…”

မိုးနဂါးမင်းသားကစာကိုဖတ်ပြီးသက်ပြင်းချလိုက်မိသည်။

“သူကဘာဖြစ်လို့နန်းမတက်တာလဲ"

“သူကအစကတည်းကဘုရင်မဖြစ်ချင်ဘူး။နောင်တော်ဆားတောင်ပြည်ကိုနောက်ဆုံးရောက်
လာခဲ့တဲ့အချိန်ကိုမှတ်မိလား"

The Ugly Prince(u&z)(Completed)Where stories live. Discover now