(ဖြူ စင်မေတ္တာ)
ရန်ဝေးနှင့်လူလေးကမြို့ထဲတွင်ကြက်လိုက်ရှာရင်းမိုးချုပ်မှပြန်လာကြသည်။ရုပ်ဆိုးမင်းသားလေးကကြက်တစ်ကောင်ပိုက်ပြီးပြန်လာသည့်ရန်ဝေးကိုမြင်လျှင်ဝမ်းသာအားရပြောလိုက်သည်။
“ကြက်ရှာလို့ရခဲ့လို့တော်သေးတာပေါ့"
ရန်ဝေးကရုပ်ဆိုးမင်းသားလေးကိုစကားပြန်မ
ပြောခင်လူလေးကဝင်ပြောလိုက်သည်။“ကြက်ကရှာလို့ရခဲ့တယ်လေ။သူရှာခဲ့တဲ့ကြက်ကိုလည်းကြည့်လိုက်ပါဦး"
“ကြက်ကဘာဖြစ်နေလို့လဲနောင်ကြီး"
“ဟ…ဘာဖြစ်ရမှာလဲ။တိုက်ပွဲဝင်မဲ့ကြက်ဆိုရင်
လည်းတိုက်ကြက်တစ်ကောင်ရဲ့ဥပဓိရုပ်တော့ရှိဦးမှပေါ့။အခုဟာက"လူလေးစကားမဆုံးခင်ရန်ဝေးကဟန့်လိုက်သည်။
“တော်တော့လူလေး။ဆင်ဖြူ တိုင်းကသူတော်စင်နှစ်ယောက်ကကြက်တိုက်တယ်ဆိုတဲ့စကားလုံးကိုတောင်အထူးအဆန်းဖြစ်နေတာ။ကြက်
ရဲ့ဥပဓိရုပ်ကိုပြောလို့နားလည်ပါ့မလား”ရန်ဝေးစကားကြောင့်လူလေးပါးစပ်ပိတ်သွား
သည်။ရန်ဝေးကရုပ်ဆိုးမင်းသားလေးကိုပြော
လိုက်သည်။“ကြက်ရှာလို့ရခဲ့ပေမဲ့ကြက်ဝိုင်းကိုဝင်ဖို့လောင်းကြေးငွေကလိုသေးတယ်။လောင်းကြေးငွေကိုဘယ်လိုစီစဉ်ရမှန်းမသိသေးဘူး"
ရန်ဝေးစကားကြောင့်ဆင်ဖြူ မင်းသားကသူ့လက်တွင်စွပ်ထားသည့်ပတ္တမြားလက်စွပ်ကိုချွတ်လိုက်သည်။
“ဒီလက်စွပ်ကိုသွားရောင်းလိုက်ပါ"
“ဒီလိုတော့မလုပ်ပါနဲ့ဗျာ။ခင်ဗျားလက်စွပ်ကိုချွတ်ရောင်းရတဲ့အထိလည်းမဟုတ်သေးပါဘူး"
“ဘာဖြစ်လဲဗျ။အချိန်ကဒီလောက်အရေးကြီးနေတာ။အခွင့်အရေးကိုလက်လွှတ်ခံလို့မဖြစ်ဘူး"
“ဟုတ်ပါတယ်။ဒါပေမဲ့ကျုပ်တို့ကကြက်ပွဲမှာ
ကြေးကြီးကြီးမလောင်းပါဘူး။ဒီအတိုင်းကြက်ပွဲဝင်ရင်းဦးသာဒွန်းကိုချဉ်းကပ်ဖို့ကြိုးစားမှာပါ"“ခင်ဗျားဘာသာဘာပဲလုပ်လုပ်။ဒီလက်စွပ်ကို
တော့ရောင်းသာရောင်းလိုက်ပါ။ခင်ဗျားတို့ပဲဦးသာဒွန်းကိုတွေ့ချင်နေတာမဟုတ်ဘူး။ကျွန်တော်တို့ညီအကိုကလည်းကျွန်တော်တို့အဖေရဲ့
အသက်ရှင်ရေးအတွက်ဦးသာဒွန်းနဲ့တွေ့မှကို
ဖြစ်မှာ။ဒါကြောင့်ကျွန်တော်တို့ကိုကူညီတဲ့အနေနဲ့ဒီလက်စွပ်ကိုယူလိုက်ပါ"
ESTÁS LEYENDO
The Ugly Prince(u&z)(Completed)
Ficción Generalဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...