အခန်း(၄၀)

318 17 0
                                    

(ဖွင့်ဟဝန်ခံခြင်း)

ဆင်ဖြူ မင်းသားကသူ့စကားမှားသွားမှန်းချက်ချင်းသိလိုက်သည်။

“တောင်းပန်ပါတယ်ကဉ္စနာ။ငါ့မှာမင်းတို့တိုင်းပြည်ကပြည်သူတွေကိုမထီမဲ့မြင်လုပ်လိုတဲ့စိတ်မရှိပါဘူး။မင်းအကြောင်းကိုဆက်ပြောပြပါ"

“ငါ့ကိုမွေးတဲ့အချိန်မှာငါ့မျက်နှာကိုပြည်သူတွေအမြင်ခံလိုက်ရင်ဘယ်လိုဖြစ်သွားမယ်ထင်လဲ"

ဆင်ဖြူ မင်းသားခေါင်းရမ်းပြသည်။သူမသိ။ဒါကိုသူမတွေးမိတာအမှန်။

“တိုင်းပြည်အဖျက်ခံရတဲ့နန္ဒိယမင်းသားကသူ့ရဲ့
ဘဝဟောင်းကကံကြမ္မာဆိုးတွေကိုသယ်ဆောင်လာတော့မယ်ဆိုပြီးပြည်သူတွေအထိတ်တလန့်ဖြစ်ကုန်မှာပေါ့။

စိန်တောင်ပြည်နဲ့သံတောင်ပြည်ကလည်းငြိမ်နေမှာမဟုတ်ဘူး။သူတို့ကနန္ဒိယမင်းသားရဲ့တိုင်းပြည်ကိုသိမ်းပိုက်ထားကြတာ။နန္ဒိယမင်းသားကဘာမှပြန်မလုပ်ရင်တောင်သူတို့ကနန္ဒိယမင်းသားကလဲ့စားပြန်ချေမှာကိုစိတ်ပူကြမှာပဲ။ဒီတော့နန္ဒိယမင်းသားလူဝင်စားကိုလုပ်ကြံဖို့ကြိုးစားကြမှာပဲ”

မှန်လိုက်တာဟုဆင်ဖြူ မင်းတွေးမိသည်။။အကယ်၍သာရုပ်ဆိုးမင်းသားလေးဘဝကိုဖုံးကွယ်မထားခဲ့ရင်အခုချိန်မှာသူ့ရှေ့ကရုပ်ဆိုးမင်းသားလေးကိုသူတွေ့ခွင့်မြင်ခွင့်တောင်ရလိုက်မှာမဟုတ်ဘူး။

“ပိုဆိုးတာကငါ့တိုင်းပြည်ကပြည်သူတွေပဲ။သူတို့တွေစိတ်ဓာတ်ကျကုန်ကြမှာ။

မင်းကချမ်းသာတဲ့တိုင်းပြည်မှာလူဖြစ်လာတာမို့
ဆင်းရဲတယ်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကိုကောင်းကောင်းသိမှာမဟုတ်ဘူး။ငါမမွေးခင်ကဆားတောင်ပြည်ရဲ့အခြေအနေကစားစရာတောင်မရှိတဲ့အခြေအနေပါ။ဆွေတော်မျိုးတော်တွေကလည်းစိတ်ဝမ်းကွဲနေကြတော့မကူညီကြဘူး။မဖေးမကြဘူး။

ပြည်သူတွေကစားစရာရဖို့အတွက်တိုင်းတစ်ပါးကိုသွားပြီးကျွန်ခံရတယ်။သူတစ်ပါးရဲ့တိုင်းပြည်မှာအစေခံအနေနဲ့အလုပ်လုပ်ရတာမို့ဂုဏ်သိက္ခာရှိရှိနဲ့မရပ်တည်နိုင်ကြဘူး။မိသားစုဝင်တွေလည်းတကွဲတပြားစီနေရတယ်။လူမျိုးခြားဆိုပြီး
တော့လည်းအနှိမ်ခံရတယ်။ဘာပညာမှမသင်နိုင်လို့အခြေခံဗဟုသုတလည်းအင်မတန်နဲပါးတယ်။

The Ugly Prince(u&z)(Completed)Where stories live. Discover now