အခန်း-၉၅(S-4)

87 10 1
                                    

ရတနာပူရဘုရင်ရန်ဝေးကသူ့စကားကိုဆက်ပြီး
ပြောလိုက်သည်။

“အကြည်တော်ခုနကပြောသွားတဲ့အကြောင်းအရာတွေထဲကပညာရေးအပိုင်းကိုကျွန်ုပ်စိတ်ဝင်
စားနေပါတယ်။အဲဒီကိစ္စလေးကိုပြန်ပြီးဆွေးနွေး
ကြည့်ချင်ပါတယ်"

“ဆွေးနွေးပါ။ရပါတယ်”

“ကျွန်ုပ်ရဲ့တိုင်းပြည်ကလူငယ်တွေကိုဆားတောင်ပြည်ကိုစေလွှတ်ပြီးပညာသင်စေချင်ပါတယ်။လက်ခံပေးနိုင်မလား"

“ဘယ်လို…ဘယ်လို”

“အသင့်ရဲ့တိုင်းပြည်ကိုပညာသင်စေလွှတ်ချင်တယ်လို့ပြောတာပါ"

“အဲဒါတော့မဟုတ်သေးဘူးထင်တယ်။ကျွန်ုပ်
တို့တိုင်းပြည်ကနေပညာသင်ရင်တဆင့်ခံပညာပဲရမှာပေါ့”

“ကိစ္စမရှိပါဘူး။မင်းသားလေးရဲ့ပညာတော်သင်ကျောင်းသားတွေကိုကျွန်ုပ်ယုံကြည်ပါတယ်"

“ဘာဖြစ်လို့ယုံကြည်တာလဲ။ကျွန်ုပ်ရဲ့ပညာတော်သင်ကျောင်းသားတွေကိုအသင်လည်းမ
တွေ့ဖူးဘဲနဲ့”

“မတွေ့ဖူးပေမဲ့သူတို့ရဲ့ပါဝင်ဆောင်ရွက်မှုတွေ
ကြောင့်ဆားတောင်ပြည်ကြီးတိုးတက်နေတာကိုကြည့်ရင်သူတို့ရဲ့အရည်အချင်းကိုခန့်မှန်းကြည့်လို့ရပါတယ်"

“အသင်တကယ်ပဲကျွန်ုပ်ရဲ့တိုင်းပြည်ကိုပညာသင်စေလွှတ်ချင်တာလား”

“ဟုတ်ပါတယ်။တိုးတက်ပြီးသားတိုင်းပြည်တွေဆီကိုမသွားဘဲမင်းသားလေးဆီမှာပဲပညာသင်
စေချင်တာပါ"

ရတနာပူရဘုရင်၏စကားကြောင့်ရုပ်ဆိုးမင်းသားလေးသက်ပြင်းချလိုက်မိလေသည်။ပညာ
ရေးကဏ္ဍကတိမ်မယောင်နှင့်နက်သည်။

“ဟင်း…ကိုယ့်ဆီကပညာသူများကိုပေးတယ်ဆိုတာကိုယ့်ဘက်ကလိုလေသေးမရှိအောင်ပညာ
ပြည့်ဝနေမှကောင်းတာပါ။အသင့်ကိုကျွန်ုပ်မြေပုံတစ်ခုပြမယ်”

မင်းသားလေးကမြေပုံကားချပ်တစ်ခုကိုဖြန့်ပြလိုက်သည်။

“ဒါကမိုးနဂါးတိုင်း။ဆားတောင်ပြည်နဲ့စိမ့်မြစ်တစ်ခုပဲခြားတယ်။သူ့တိုင်းပြည်မှာစက်မှုပညာကော၊လက်မှုပညာပါထွန်းကားတယ်။တခြားသောပညာရပ်မျိုးစုံလည်းထွန်းကားတယ်။အတိုင်းတိုင်းအပြည်ပြည်ကလူငယ်တွေမိုးနဂါးတိုင်းကိုပညာတော်သင်သွားရောက်ကြတယ်။

The Ugly Prince(u&z)(Completed)Where stories live. Discover now