အခန်း-၈၂(S-3)

87 9 0
                                    

ရုပ်ဆိုးမင်းသားလေးကဆားတောင်ပြည်သို့ပြန်ရောက်လျှင်ဘုရင်မနှင့်စစ်သူကြီးကိုခေါ်ပြီးအမှာစကားပြောသည်။ထို့နောက်ပတ္တမြားတိုင်းသို့ခရီးဆက်ထွက်လာခဲ့သည်။

သုံးရက်ခန့်ကြာလျှင်မုန်တိုင်းနှင့်ရုပ်ဆိုးမင်းသား
လေးတို့ပတ္တမြားတိုင်းနှင့်ငွေတောင်ပြည်နယ်စပ်သို့ရောက်ရှိလာခဲ့ကြသည်။ပတ္တမြားတိုင်း၏နယ်စပ်မြို့လေးတွင်စခန်းချရင်းရုပ်ဆိုးမင်းသားလေးကငွေတောင်ပြည်၏အခြေအနေကိုစုံစမ်းသည်။နှစ်ရက်ခန့်ကြာလျှင်ငွေတောင်ပြည်အတွင်းသို့ဝင်ရောက်သွားကြပြီးငွေတောင်နေပြည်တော်နှင့်အနီးဆုံးဖြစ်သည့်သတ္ထုတွင်းဒေသသို့
ရောက်ရှိလာကြသည်။

သတ္ထုတွင်းဒေသမှာငွေတောင်ပြည်၏စီးပွားရေးအချက်အချာဒေသဖြစ်သည်။သတ္ထုတွင်းဒေသသို့အတိုင်းတိုင်းအပြည်ပြည်မှကုန်သည်ပွဲစားများကငွေနှင့်အလဲအလှယ်လုပ်ရန်လာရောက်
ကြသည်။ထို့ပြင်သတ္ထုတွင်းဒေသကငွေသန့်စင်
သည့်လုပ်ငန်းနှင့်ငွေထည်ပစ္စည်းများပြုလုပ်ရောင်းချသည့်နေရာလည်းဖြစ်သည်။ထိုနေရာတွင်ငွေတောင်မင်းသားလေး၏လူယုံတော်သတ္ထုတွင်းဌာနကြီးကြပ်ရေးမှူးကြီးရှိနေသည်။

ရုပ်ဆိုးမင်းသားလေးကကြီးကြပ်ရေးမှူးကြီးကိုသွားရှာသည်။တွေ့လျှင်ငွေတောင်မင်းသား
ပေးလိုက်သည့်စာနှင့်ငွေတောင်မင်းသား၏ပတ္တ
မြားလက်စွပ်ကိုပြလိုက်သည်။ကြီးကြပ်ရေးမှူး
ကြီးကပတ္တမြားလက်စွပ်ကိုမြင်လျှင်ရုပ်ဆိုးမင်းသားလေးနှင့်မုန်တိုင်းကိုသူ့အိမ်အတွင်းသို့ခေါ်သွားသည်။ထို့နောက်ကြမ်းပြင်ပေါ်သို့ဒူးထောက်ပြီးရုပ်ဆိုးမင်းသားလေးကိုအရိုအသေပေး
လိုက်သည်။

“အိုမဟုတ်တာ…ကြီးကြပ်ရေးမှူးကြီးကလည်းကျွန်တော်ကငွေတောင်မင်းသားရဲ့မိတ်ဆွေပါ။ဒူးမထောက်ပါနဲ့"

“ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်လို့ပါ။မင်းသားလေးအသက်ရှင်နေတယ်လို့သတင်းစကားကြားရတဲ့အတွက်အရမ်းလည်းဝမ်းသာတယ်။ပြီးတော့မောင်ရင်လေးတို့ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်”

“ဟုတ်ပါပြီ…ကျွန်တော်တို့မိတ်ဆွေတွေလိုပဲရင်းရင်းနှီးနှီးတိုင်ပင်ကြရအောင်”

The Ugly Prince(u&z)(Completed)Where stories live. Discover now