အခန်း(၃၁)

192 21 0
                                    

(ခြတောင်ပို့)

ဆားတောင်နန်းတော်တွင်းသို့အမတ်ကြီးသုဝေဒနှင့်စစ်သူကြီးတို့ရောက်လာကြသည်။အမတ်
ကြီးကစစ်သူကြီးကိုပြောလိုက်သည်။

“မင်းသားလေးကညီလာခံတက်ပြီးတိုင်းပြည်ရဲ့
အရေးကိစ္စတွေကိုစီရင်ပေးရင်သိပ်ကောင်းမှာပဲ"

“ဟုတ်တယ်။အဲလိုဆိုသိပ်ကောင်းမှာပဲ။ဒါပေမဲ့မင်းသားလေးကညီလာခံတက်ရမှာထက်ပြည်သူတွေကြားလျှောက်သွားနေရတာကိုပိုပြီးသဘောကျနေတယ်။နန်းတော်ကိုပြန်ရောက်
ရင်လည်းသူ့အဆောင်တော်ထဲကနေထွက်မလာတော့ဘူး။စီမံကိန်းတွေရေးဆွဲပြီးအမိန့်ပေးစရာရှိရင်ကျုပ်တို့နှစ်ယောက်ကိုပဲသူ့ဆီလာဖို့
ဆင့်ခေါ်တယ်”

“အင်း…မင်းတရားကြီးကအာဏာကုန်လွှဲအပ်
ထားတဲ့အပြင်ပြည်သူတွေကလည်းချင်ကြခင်
ကြတော့သူမိန့်ကြားသမျှအရေးကိုစ္စတွေအားလုံးကအတည်ဖြစ်နေတာပဲလေ"

“ဟုတ်ပါ့ဗျာ"

အမတ်ကြီးနှင့်စစ်သူကြီးကစကားပြောဆိုရင်းမင်းသားလေးအဆောင်တော်သို့ရောက်ရှိလာကြသည်။အဆောင်တံခါးဝတွင်မုန်တိုင်းကအမတ်
ကြီးကိုနှုတ်ဆက်လိုက်သည်။

“နေကောင်းလားအဖေ"

“ကောင်းပါတယ်။ငါ့သားလည်းကိုယ့်ကျန်းမာ
ရေးကိုယ်ဂရုစိုက်ဦး။ငါ့သားကျန်းမာမှမင်းသား
လေးကိုကောင်းကောင်းစောင့်ရှောက်နိုင်မှာ"

“ကျွန်တော်သိပါတယ်အဖေ။ကျွန်တော်ကိုယ့်ကိုယ်ကိုနေကောင်းအောင်နေပါတယ်"

“အေးအေး…ကာင်းတယ်"

အမတ်ကြီးကသူ့သားပုခုံးကိုလက်ဖြင့်ပုတ်ရင်း
ကျေနပ်စွာပြုံးနေသည်။ပြီးမှအဆောင်တော်ထဲသို့ဝင်လာခဲ့သည်။

ရုပ်ဆိုးမင်းသားလေးကမြေပုံကားချပ်တစ်ခုကိုစားပွဲပေါ်ဖြန့်ခင်းပြီးစိတ်ဝင်တစားကြည့်နေသည်။အမတ်ကြီးနှင့်စစ်သူကြီးကအနားကိုရောက်
လာပြီးအရိုအသေပေးလိုက်ကြသည်။မင်းသား
လေးကမြေပုံပေါ်မှသင်တိုင်းနယ်ကိုလက်ဖြင့်ထောက်ပြပြီး-

“ဒီနယ်မြေကဆားငန်မြေမဟုတ်ပေမဲ့ရေမရှိလို့စိုက်ပျိုးရေးမလုပ်နိုင်ဘူးလို့အမတ်ကြီးပြော
ခဲ့တယ်နော်"

The Ugly Prince(u&z)(Completed)Where stories live. Discover now