(ရုပ်ဆိုးမင်းသားလေးတိုင်းခန်းလှည့်လည်ခြင်း)
ရုပ်ဆိုးမင်းသားလေးကအမတ်ကြီးသုဝေဒနှင့်
စစ်သူကြီးနန္ဒမိတ်ကိုခေါ်ပြီးတိုင်းပြည်၏အခြေအနေကိုဆွေးနွေးတိုင်ပင်သည်။“မကြာခင်မှာဆားကုန်သွယ်ရေးကိုကန့်သတ်ပြီးဆားရဲ့ဈေးနှုံးကိုပြောင်းလဲသတ်မှတ်တော့မှာပါ။ဆားကုန်သွယ်ရေးကိုကန့်သတ်ရင်အရင်ဆုံးဆားကုန်သည်တွေအဝင်အထွက်လုပ်နေတဲ့
နယ်စပ်ဂိတ်တွေကိုပိတ်ပစ်ရလိမ့်မယ်။မပိတ်ရင်လည်းအကန့်အသတ်နဲ့ပဲဖွင့်ဖြစ်လိမ့်မယ်။အဲဒီအချိန်ကျရင်ဆားရဲ့ဈေးနှုံးကနှစ်ဆဖြစ်သွားမှာမို့ဆားကျင်းမြေရဲ့ဝင်ငွေကလည်းနှစ်ဆဖြစ်
သွားလိမ့်မယ်။အဲဒီနှစ်ဆဖြစ်သွားတဲ့ငွေတွေနဲ့
ပြည်သူတွေရဲ့စားဝတ်နေရေးကိုအရင်ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ့မယ်။အခုလောလောဆယ်ကန့်သတ်ချက်တွေမထုတ်ပြန်ခင်ကျွန်ုပ်တိုင်းခန်းလှည့်လည်မယ်။နေပြည်တော်ကနေထွက်လိုက်ရင်အရင်ဆုံးရောက်နိုင်မဲ့ရွာတွေရဲ့စာရင်းကိုပေးပါ။ကျွန်ုပ်ကိုယ်တိုင်ပြည်သူတွေကြားထဲကိုဆင်းပြီးပြည်သူတွေရဲ့ဘဝကိုလေ့လာမယ်"
အမတ်ကြီးသုဝေဒကမင်းသားလေးကိုမြေပုံကားချပ်တစ်ခုချပြလိုက်သည်။
“ဒီမြေပုံကိုကြည့်ပါမင်းသားလေး။နေပြည်တော်
ရဲ့မြို့တံခါးလေးခုကနေထွက်လိုက်ရင်အနီးဆုံး
ရောက်ရှိနိုင်တဲ့ရွာတွေက(၁၆)ရွာရှိပါတယ်"မင်းသားလေးကမြေပုံကားချပ်ကိုသေချာကြည့်လိုက်သည်။ရွာပေါင်း(၁၆)ရွာကနေပြည်တော်ပတ်ပတ်လည်အရပ်လေးမျက်နှာတွင်ရှိနေသည်။မင်းသားလေးကစစ်သူကြီးကိုအမိန့်ပေးလိုက်
သည်။“စစ်သူကြီး…အသင့်ရဲ့စစ်တပ်ထဲကအစွမ်းအစရှိတဲ့လူ(၁၆)ယောက်ကိုရွေးပေးပါ။ပြီးတော့ဂိုဒေါင်တွေမှာသိုလှောင်ထားတဲ့စားနပ်ရိက္ခာတွေကိုထုတ်ပြီးအရှေ့ဘက်မြို့ရိုးတံခါးကိုသယ်လာပါ။အားလုံးအဆင်သင့်ဖြစ်ရင်အရှေ့တံခါးကနေစပြီးတိုင်းခန်းလှည့်လည်မယ်"
အမတ်ကြီးနှင့်စစ်သူကြီးကမင်းသားလေးမှာသည့်အတိုင်းအစစအရာရာပြင်ဆင်ပေးသည်။ထို့
နောက်တိုင်းခန်းလှည့်လည်သည့်ခရီးကိုစတင်
လေသည်။ပထမဆုံးတွေ့သည့်ရွာသို့ရောက်လျှင်မင်းသားလေးကရွာသားများကိုစုဝေးစေပြီးနှုတ်ဆက်စကားဆိုလိုက်သည်။
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...