အခန်း(၂၅)

219 21 0
                                    

(ရွှေအဆင်းနဲ့မင်းသားလေး)

ဆားတောင်နန်းတော်သို့ဆင်ဖြူ မင်းသားအလည်ရောက်လာခဲ့သည်။ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားနှင့်တွေ့ဆုံရန်ဧည့်ဆောင်တော်သို့ထွက်လာခဲ့ရာဧည့်ဆောင်တော်ရှေ့တွင်ဆင်ဖြူ မင်းသားရပ်နေသည်ကိုတွေ့လိုက်ရ
သည်။

ဆင်ဖြူ မင်းသားလက်ထဲတွင်ရေအပြည့်ထည့်ထားသည့်ငွေဖလားတစ်လုံးနှင့်သပြေခက်ကို
ကိုင်ထားသည်။ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားကိုကြည့်ရင်းမေးလိုက်မိသည်။

“ဒါကဘာတွေလဲ"

“သင်္ကြန်ရောက်တော့မယ်လေ"

“အဝေးကြီးလိုပါသေးတယ်"

“တစ်လတောင်မလိုတော့ဘူး။သင်္ကြန်ရောက်ရင်ငါလည်းမင်းဆီကိုမလာနိုင်ဘူး။အဲဒါကြောင့်အခုကတည်းကမင်းကိုသင်္ကြန်အကြိုရေလောင်းမလို့"

ဆင်ဖြူ မင်းသားကစကားဆုံးသည်နှင့်ရုပ်ဆိုးမင်းသားလေးပုခုံးပေါ်ကနေရေလောင်းချလိုက်
သည်။မထင်မှတ်ဘဲရေလောင်းခံလိုက်ရသဖြင့်ရုပ်ဆိုးမင်းသားလေးတားချိန်မရလိုက်။

“မင်းကတော့လုပ်ပြီ"

“အေးမသွားဘူးလား"

“နေရခက်တာပေါ့။ငါ့ဘဝမှာပထမဆုံးအကြိမ်
ရေလောင်းခံရဖူးတာပဲ"

“မဖြစ်နိုင်တာ။မင်းသင်္ကြန်ရောက်ရင်ရေမကစားဘူးလား”

“တစ်ခါမှမကစားဖူးဘူး။သင်္ကြန်ရောက်ရင်ငါ့အ
ဆောင်ထဲမှာပဲနေတယ်။နှစ်သစ်ကူးအခမ်းအ
နားပွဲကိုတက်ရင်လည်းငါ့ကိုဘယ်သူမှရေမလောင်းရဲဘူး"

“မင်းဘဝကြီးကလည်းပျင်းစရာကြီး။မင်းဆီမှာသင်္ကြန်နဲ့ပတ်သတ်တဲ့အမှတ်တရလေးတွေကျန်နေအောင်ငါလုပ်ပေးခဲ့ဦးမယ်"

“မင်းဘာတွေလျှောက်လုပ်မလို့လဲ"

“မကြောက်ပါနဲ့။မင်းစိတ်ပူရလောက်တဲ့အထိငါမလုပ်ပါဘူး။ဒါနဲ့မင်းအဆောင်ကဘယ်နားမှာလဲ"

“ဒီနေရာနဲ့ဝေးတယ်”

“အဲ့ဒါဆိုမင်းငါ့ကိုအဝေးကြီးမှာထားတာလား။ငါမနေချင်ဘူးနော်။ငါ့ကိုမင်းနေတဲ့အဆောင်ခေါ်သွား”

The Ugly Prince(u&z)(Completed)Where stories live. Discover now