Season-3

104 12 2
                                    

(ငြင်းပယ်ခြင်း၏ရလာဒ်)

ရုပ်ဆိုးမင်းသားလေးတို့အဖွဲ့ဆားတောင်နန်း
တော်သို့ပြန်လည်ရောက်ရှိလာကြသည်။နန်းတော်တွင်အဆင်သင့်စောင့်ကြိုနေသည့်ဆင်ဖြူ တိုင်းမှသမားတော်ကြီးကရုပ်ဆိုးမင်းသားလေးယူဆောင်လာသည့်အဆိပ်ဖြေဆေးဖြင့်ဆား
တောင်မင်းကြီးကိုဆေးကုသပေးလေသည်။

ရုပ်ဆိုးမင်းသားလေး၏အဆောင်တော်ရှေ့သို့
ဆင်ဖြူ မင်းသားနှင့်မုန်တိုင်းရောက်လာခဲ့သည်။ရုတ်တရတ်အဆောင်တော်အတွင်းမှမိုးနဂါးမင်းသား၏အသံထွက်ပေါ်လာသဖြင့်နှစ်ယောက်
သားရှေ့ဆက်ရမည့်ခြေလှမ်းတို့ရပ်တန့်သွားရသည်။

"ဘာဖြစ်လို့နောင်တော့်ကိုငြင်းပယ်နေရတာလဲ။ညီတော်လက်ခံနိုင်တဲ့အချိန်ထိနောင်တော်စောင့်ပါ့မယ်လို့ပြောနေတယ်လေ"

"မစောင့်ပါနဲ့နောင်တော်။နောင်တော့်ကိုညီတော်ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့နောင်တော်ကဘယ်အချိန်ဖြစ်
ဖြစ်ညီတော့်ရဲ့သွေးသောက်ညီအကိုပဲမို့လို့ပါ"

"မဖြစ်ချင်ဘူး။ညီတော်နဲ့သွေးသောက်ညီအကိုမဖြစ်ချင်ဘူး။နောင်တော်ကညီတော့်ကိုမေတ္တာရှိနေတာညီအကိုလိုမဟုတ်ဘူး။ညီတော့်ကိုပိုင်ဆိုင်ချင်တာ။တရားဝင်ပိုင်ဆိုင်မှုရချင်တာ။ညီ
တော့်ကိုလက်ထပ်ချင်တာ"

"မဖြစ်နိုင်ဘူးနောင်တော်"

"ဘာလို့မဖြစ်နိုင်ရတာလဲ"

"နောင်တော်ကအိမ်ရှေ့စံမင်းသားတစ်ပါးပါ။
နောင်အနာဂတ်မှာဘုရင်ဖြစ်လာမဲ့သူကယောက်ျားတစ်ယောက်ကိုကြင်ယာတော်အဖြစ်တင်မြှောက်လို့မရဘူး။အဲဒါကတကယ်ကိုမသင့်
လျော်တဲ့ကိစ္စပါ။တော်ဝင်မျိုးနွယ်ဆိုတာလုပ်ချင်တာကိုမလုပ်ရဘူး။လုပ်သင့်တာကိုပဲလုပ်ရ
တယ်"

ပြတ်သားလွန်းသည့်ရုပ်ဆိုးမင်းသားလေး၏
စကားကြောင့်မိုးနဂါးမင်းသားအသံတိတ်သွား
မိသည်။

"နောင်တော်သိလား။ခမည်းတော်ရဲ့အခြေအ
နေကအခုသက်သာသလိုရှိနေပေမဲ့ဘယ်အချိန်မှာဖောက်ပြန်သွားမလဲမသိနိုင်ဘူး။တိုင်းပြည်ရဲ့ရှေ့ရေးကညီတော့်လက်ထဲမှာရှိနေတာညီတော်အိမ်ထောင်ပြုဖို့မစဉ်းနိုင်ဘူး"

The Ugly Prince(u&z)(Completed)Where stories live. Discover now