(ရင်ဖွင့်စကား)
မိုးနဂါးမင်းသားကရုပ်ဆိုးမင်းသားလေးကိုအရွဲ့တိုက်ပြီးပြောလိုက်သည်။
“ကိုယ့်လုပ်ရပ်ကိုမှန်တယ်လို့ထင်တဲ့အတွက်နောင်တော့်အပေါ်မှာစိတ်မကောင်းမဖြစ်မိပါဘူးလို့ပြောဦးမှာလားညီတော်လေး"
“မပြောပါဘူးနောင်တော်။ဒါပေမဲ့နောင်တော့်ကိုသိစေချင်တာတစ်ခုတော့ရှိတယ်။ညီတော်ကညီတော့်မျက်နှာကိုဖုံးကွယ်ပြီးနေခဲ့ရတဲ့အတွက်
အရင်တုန်းကတစ်ခါမှစိတ်မကောင်းမဖြစ်ခဲ့ဖူးဘူး။နောင်တော်နဲ့အသိအကျွမ်းဖြစ်ပြီးတဲ့နောက်မှာတော့ပထမဆုံးအကြိမ်အဖြစ်စိတ်မကောင်းဖြစ်ခဲ့ရတယ်။ကိုယ့်ကိုယ်ကိုဝမ်းနည်းအားငယ်သလိုမျိုးခံစားခဲ့ရတယ်"မိုးနဂါးမင်းသားအခုမှတကယ်အံ့အားသင့်သွားရသည်။
“ဘာဖြစ်လို့လဲညီတော်"
“နောင်တော့်ရဲ့ရှေ့မှာညီတော့်မျက်နှာကိုဖုံးကွယ်ပြီးနေနေရလို့ပေါ့။ညီတော့်ရဲ့မျက်နှာဖုံးကိုနောင်တော့်ရှေ့မှာချွတ်ပြချင်ခဲ့တယ်။ဒါပေမဲ့ညီတော်မလုပ်နိုင်ခဲ့ဘူး။ညီတော့်ရဲ့ဘဝပေးကံကြမ္မာကိုညီတော်ကိုယ်တိုင်လက်ခံခဲ့တာမို့ညီတော့်ရဲ့ဝမ်းနဲမှုတွေကိုညီတော်မြိုသိပ်ထားခဲ့တယ်"
“ဘာဖြစ်လို့မြိုသိပ်ထားခဲ့ရတာလဲ။ဘာဖြစ်လို့တစ်ယောက်တည်းဝမ်းနည်းနေခဲ့ရတာလဲ။ညီတော့်ရဲ့ခံစားချက်တွေအားလုံးနောင်တော့်ကိုဖွင့်ပြောခဲ့ရမှာပေါ့။နောင်တော်ကညီတော့အတွက်ဘာမဆိုလုပ်ပေးချင်တဲ့သူပါ"
“ညီတော်သိပါတယ်"
“ညီတော်ကဘာကိုသိတာလဲ။နောင်တော့်ရဲ့ခံစားချက်အစစ်အမှန်ကိုညီတော်ကဘယ်လောက်ထိသိလို့လဲ"
“သိသင့်သလောက်တော့သိပါတယ်။နောင်တော်ကညီတော့်အပေါ်မှာညီအကိုအရင်းတမျှသံယောဇဉ်ရှိတဲ့သူပါ"
“ညီအကိုအရင်းတမျှဟုတ်လား။ညီတော်ကနောင်တော်နဲ့ပတ်သတ်လို့အဲဒီလောက်လေးပဲခံစားလို့ရတာလား။နောင်တော်ကညီတော့်ရဲ့လျို့ဝှက်ချက်ကိုသိသွားပြီ။အခုချိန်ကစပြီးညီတော့်ကိုသွေးသောက်ညီအကိုတစ်ယောက်လို့မသတ်မှတ်နိုင်တော့ဘူး"
![](https://img.wattpad.com/cover/264365195-288-k746689.jpg)
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...