အခန်း(၃၇)

216 20 0
                                    

(အယောင်ဆောင်မင်းသား)

ရုပ်ဆိုးမင်းသားလေးနှင့်မိုးနဂါးမင်းသားတို့နေ့
လည်စာသုံးဆောင်နေစဉ်ပင်မနန်းဆောင်မှအမှုထမ်းတစ်ဦးကသတင်းစကားတစ်ခုကိုလာရောက်လျှောက်ထားသည်။

“မင်းသားလေးဘုရား…စစ်သူကြီးဆီကအ
ကြောင်းကြားစာပို့လာပါတယ်။စိန်တောင်ပြည်
ကဆားတောင်ပြည်နယ်စပ်ကိုစစ်ချီလာပါပြီတဲ့ဘုရား"

မိုးနဂါးမင်းသားအံ့အားသင့်သွားသည်။ရုပ်ဆိုး
မင်းသားလေးကမျှော်လင့်ထားပြီးသားကိစ္စမို့တုန်လှုပ်ခြင်းမရှိ။သူကတည်ငြိမ်သောလေသံနှင့်
မုန်တိုင်းကိုပြောလိုက်သည်။

“ကျွန်ုပ်အခုပဲစိန်တောင်ပြည်နယ်စပ်ကိုစစ်ချီ
မယ်”

“နောင်တော်လည်းလိုက်ခဲ့မယ်ညီတော်"

“နောင်တော်ကဘာဖြစ်လို့လိုက်မှာလဲ"

“နောင်တော်နဲ့ညီတော်ကသွေးသောက်ညီအကိုတွေလေ။ဒီစစ်ပွဲမှာနောင်တော်ကညီတော့်
ဘက်ကဝင်ပါရမှာပေါ့"

“ကောင်းပါပြီ။နောင်တော်ပါလိုက်ခဲ့မယ်ဆိုရင်
ညီတော့်အတွက်အားတက်စရာပါပဲ။ညီတော်တို့
နေ့လည်စာကိုပြီးဆုံးအောင်သုံးဆောင်ရအောင်။ပြီးမှစစ်ချီကြတာပေါ့”

“ညီတော့်ရဲ့သဘောပါပဲ”

သို့နှင့်မင်းသားနှစ်ပါးနေ့လည်စာကိုဆက်ပြီးသုံးဆောင်ကြလေသည်။

🍒🍒🍒

ဆားတောင်နေပြည်တော်၏မြို့တံတိုင်းအတွင်းမှခရီးသွားအဖွဲ့တစ်ဖွဲ့ထွက်လာသည်။၎င်းခရီးသွားအဖွဲ့ကအလုံပိတ်ထားသည့်မြင်းလှည်းတစ်စီးကိုအလယ်တွင်ထားပြီးရှေ့နှင့်နောက်တွင်
မြင်းစီးသမားများခြံရံလျက်အနောက်အရပ်သို့ဦးတည်ကာသွားနေသည်။မြင်းရထားထဲတွင်အိပ်
လျက်လိုက်ပါလာသူကမျက်တောင်ကိုတဖျတ်ဖျတ်ခတ်ရင်းနိုးလာခဲ့သည်။

“အရှင့်သားနိုးလာပါပြီလား"

မုန်တိုင်း၏အသံကြောင့်မိုးနဂါးမင်းသားကအိပ်
နေရာမှငုတ်တုတ်ထထိုင်လိုက်သည်။သူ့ဘေးနားတွင်ရုပ်ဆိုးမင်းသားလေးထိုင်နေသည်။မိုးနဂါးမင်းသားကရုပ်ဆိုးမင်းသားလေးကိုမေးလိုက်သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now