အခန်း(၅)

333 29 0
                                    

(ပညာတော်သင်ကျောင်းသားစာရင်း)

သုံးရက်ကြာပြီးနောက်မိုးနဂါးတက္ကသိုလ်ကျောင်းဝင်းကြီးအတွင်းပညာသင်ယူကြမည့်ကျောင်းသားများအစုံအညီရောက်ရှိကုန်ကြသည်။မင်းသားတစ်ပါးချင်းစီအတွက်အဆောင်တော်တစ်
ခုစီစီစဉ်ပေးထားပြီးအဆောင်တော်တိုင်း၏ရှေ့
တွင်သက်ဆိုင်ရာမင်းသား၏တိုင်းပြည်အလံကိုစိုက်ထူထားသည်။ကျောင်းဝင်းအတွင်းဆင်မြင်းစီးခွင့်မရှိ။

ပညာတော်သင်ကျောင်းသားများကမိမိတို့တိုင်း
ပြည်၏ချမ်းသာကြွယ်ဝမှုများကိုထုတ်ဖော်ပြသလိုကြသည်။သို့သော်အခြွေအရံများနှင့်စီးတော်
ဆင်မြင်း၊ဝေါယာဉ်များကိုကျောင်းဝင်းအပြင်တွင်သာထားခွင့်ပြုသဖြင့်မင်းသားများခမျာ့ကြွားဝါ
ခွင့်မရသည့်အခြေအနေဖြစ်နေသည်။

မိုးနဂါးတက္ကသိုလ်၏အဓိပတိဆရာကြီးအားတ
ရားဝင်ဂါရဝပြုနှုတ်ဆက်ပွဲကျင်းပသည့်နေ့တွင်
ရုပ်ဆိုးမင်းသားလေးကစာသင်ဆောင်ခန်းမဆီသို့လာရင်းအဝင်ဝတွင်ကပ်ထားသည့်ကျောင်းသားစာရင်းကိုဖတ်ကြည့်လိုက်သည်။

၁။မိုးနဂါးမင်းသား-မိုးနဂါးတိုင်း

၂။စိန်တောင်မင်းသား-စိန်တောင်ပြည်

၃။ဆင်ဖြူ မင်းသား-ဆင်ဖြူ တိုင်း

၎။သံတောင်မင်းသား-သံတောင်ပြည်

၅။ရွှေတောင်မင်းသား-ရွှေတောင်ပြည်

၆။ရွှေခြင်္သေ့မင်းသား-ခြင်္သေ့လက်ဝါးတိုင်း

၇။ကျောက်စိမ်းမင်းသား-ကျောက်စိမ်းတိုင်း

၈။ပတ္တမြားမင်းသား-ပတ္တမြားတိုင်း

၉။ရွှေနက်ရောင်မင်းသား-ရေနံမြေတိုင်းပြည်

၁၀။သက်တန့်ရောင်မင်းသား-သက်တန့်ရောင်တိုင်းပြည်(ရတနာခုနှစ်ပါးထွက်ရှိရာတိုင်းပြည်)

၁၁။မင်းသားနက်-ငွေတောင်ပြည်

၁၂။ပုလဲနက်မင်းသား-ပုလဲနက်တိုင်း

၁၃။အဆိပ်မင်းသား-ပန်းတစ်ရာတိုင်း

၁၄။ပယင်းမင်းသား-ပယင်းပြည်နယ်

The Ugly Prince(u&z)(Completed)Where stories live. Discover now