(လက်ဆောင်)
နှစ်ရက်ခန့်အနားယူပြီးနောက်ရုပ်ဆိုးမင်းသား
လေးနေပြန်ကောင်းလာခဲ့သည်။ထို့ကြောင့်စာသင်ဆောင်သို့သွားရန်အဆောင်တော်ထဲမှထွက်လာစဉ်အဆောင်ရှေ့တွင်မိုးနဂါးမင်းသားရပ်နေသည်ကိုတွေ့လိုက်ရသည်။ရုပ်ဆိုးမင်းသားလေးကသားမွေးဝတ်ရုံကိုယူပြီးမိုးနဂါးမင်းသားကိုပြန်ပေးသည်။မိုးနဂါးမင်းသားကမယူ။
“ငါမင်းကိုလက်ဆောင်ပေးတာပါ"
“ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါမလိုချင်ဘူး"
“ဘာဖြစ်လို့မလိုချင်တာလဲ။လက်ဆောင်ဆိုတာ
ပေးတဲ့လူရဲ့စေတနာကိုအသိအမှတ်ပြု ပြီးယူရတဲ့ထုံးစံရှိပါတယ်"“ထုံးစံရှိပေမဲ့ငါငယ်ငယ်ကတည်းကတစ်ခါမှလက်ဆောင်မယူခဲ့ဖူးဘူး။ပေးတဲ့လူလည်းမရှိဘူး"
“ဘာဖြစ်လို့ပေးတဲ့လူမရှိတာလဲ။မွေးနေ့ကိုရောက်ရင်ပြည်သူတွေကမွေးနေ့လက်ဆောင်မပို့ကြဘူးလား"
“ဟင့်အင်းမွေးနေ့တစ်ခါမှမလုပ်ဖူးဘူး"
ရုပ်ဆိုးမင်းသားလေးစကားကြောင့်မိုးနဂါးမင်းသားအံ့သြသွားမိသည်။
“မင်းတကယ်ပြောနေတာလား"
“တကယ်ပါ"
“ဘာလို့မွေးနေ့မလုပ်တာလဲ"
“မွေးနေ့လုပ်ရင်ပြည်သူတွေရဲ့အခွန်ဘဏ္ဍာငွေ
တွေအလဟဿကုန်သွားမှာပေါ့။ငါတို့တိုင်းပြည်ကဆင်းရဲတယ်”“အဲဒါနဲ့ပဲမွေးနေ့ပွဲကိုတစ်ခါမှမလုပ်ခဲ့ဘူးပေါ့"
“အင်း"
ရုပ်ဆိုးမင်းသားလေးကအင်းဟုပြောရင်းမိုးနဂါးမင်းသားမျက်နှာကိုကြည့်ကာစိတ်ကသိကအောက်ဖြစ်သွားသည်။
“မင်းငါ့ကိုသနားနေတာလား"
“ငါစိတ်မကောင်းဖြစ်မိလို့ပါ"
“စိတ်မကောင်းမဖြစ်နဲ့။အဲဒါငါတို့ဘဝနဲ့ငါတို့ကံ
ကြမ္မာပဲ။မင်းသနားစရာမလိုဘူး။ပြီးတော့မင်းပေးတဲ့လက်ဆောင်ကိုလည်းယူစရာအကြောင်းမရှိဘူး”“အကြောင်းရှိမှယူရမှာလား။လက်ဆောင်ဆိုတာပေးတဲ့လူရဲ့စေတနာကသာအကြောင်းရင်းပါ"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...