(အကျဉ်းသားနှင့်တပ်မှူးကြီး)
တပ်မှူးကြီးကသူ့ရှေ့ကလူငယ်၏မျက်နှာကိုစေ့
စေ့ကြည့်ပြီးမေးလိုက်သည်။“မင်းနာမည်ဘယ်လိုခေါ်လဲ"
“ကျွန်တော့်နာမည်ရန်ဝေးပါ"
“မင်းဘာဖြစ်လို့အဖမ်းခံတာလဲ"
“ဒီကိုလာတုန်းကအဖမ်းခံဖို့လာတာမဟုတ်ပါဘူး"
“ဒါဆိုဘာလုပ်ဖို့လာတာလဲ"
“ကျွန်တော့်ကြက်ကလေးကိုပြန်တောင်းမလို့ပါ"
“ဘာကွ"
တပ်မှူးကြီးအသံကကျယ်လောင်သွားသဖြင့်အ
စောင့်တပ်သားများလန့်ဖျတ်သွားကြသော်လည်းရန်ဝေးကမူမတုန်မလှုပ်နှင့်တည်တည်ငြိမ်ငြိမ်ပင်ထိုင်နေသည်။တပ်မှူးကြီးကရန်ဝေးမျက်နှာကိုစိုက်ကြည့်ပြီးသေချာအောင်ထပ်မေးလိုက်သည်။“ကြက်ပြန်တောင်းမလို့ဟုတ်လား"
“ဟုတ်ပါတယ်တပ်မှူးကြီး။နေ့ခင်တုန်းကတပ်မှူး
ကြီးတို့အဖွဲ့ကြက်ဝိုင်းကိုဝင်ဖမ်းတာကျွန်တော့်
ကြက်ကလေးအဖမ်းခံလိုက်ရပါတယ်"“မင်းကတော့လွတ်သွားတယ်မို့လား"
“ဟုတ်ကဲ့"
“ဒါဆိုဘာစိတ်ကူးပေါက်ပြီးပြန်လာရတာလဲ။ကြက်လိုချင်လို့လူအဖမ်းခံတာလား"
“ဟုတ်ကဲ့။ကျွန်တော်ကဒီကလူတွေကိုအကျိုးအကြောင်းပြောပြပေမဲ့ဘယ်သူကမှလက်မခံကြပါဘူး။တပ်မှူးကြီးနဲ့တွေ့ချင်ရင်ရာဇဝတ်သားဖြစ်မှပဲတွေ့ခွင့်ရမယ်ဆိုလို့ကျွန်တော်ကလောင်းကစားမှုနဲ့အဖမ်းခံလိုက်တာပါ"
“ကြံကြံဖန်ဖန်ကွယ်။မင်းရာဇဝတ်သားဖြစ်သွားရင်မင်းကြက်ကိုလွှတ်ပေးပါ့မယ်လို့ဘယ်သူကပြောလို့လဲ"
“ဘယ်သူမှမပြောပါဘူး။ဒါပေမဲ့တပ်မှူးကြီးက
ဖြောင့်မတ်တဲ့သူမို့သေချာပေါက်လွှတ်ပေးလိမ့်
မယ်လို့ယုံကြည်ထားပါတယ်”“ငါဖြောင့်မတ်တာနဲ့မင်းကြက်ကိုလွှတ်ပေးမှာနဲ့ဘာဆိုင်လို့လဲ"
“ဆိုင်ပါတယ်။လောင်းကစားမှုနဲ့ဖမ်းတယ်ဆိုရင်
ကြက်ပိုင်ရှင်ကိုပဲဖမ်းရမှာပါ။ကြက်ကိုတော့မဖမ်းသင့်ပါဘူး"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...