မိုးနဂါးမင်းသားကအိပ်ယာပေါ်တွင်လှဲနေရာမှ
ရုပ်ဆိုးမင်းသားလေးကိုမြင်လျှင်မျက်မှောင်ကြုံ့
သွားသည်။ရုပ်ဆိုးမင်းသားလေးကခုတင်ဘေးတွင်ရပ်ပြီးမျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။"နောင်တော်နေကောင်းသွားပြီလား"
မိုးနဂါးမင်းသားကစကားပြန်မပြောနိုင်ဘဲအံ့အားသင့်နေသည့်မျက်လုံးများနှင့်သူ့ကိုစိုက်ကြည့်နေသည်။
"နောင်တော်...ညီတော်မေးနေတာကိုမကြားဘူးလား"
"ကြားပါတယ်။ညီတော်ကနောင်တော့်ဆီကိုတကယ်လာတာလား"
"ဟင်...တကယ်လာလို့ပဲနောင်တော့်ရှေ့ကိုရောက်နေတာလေ"
"အိပ်မက်မက်နေတာမဟုတ်ဘူးလား"
"ဟား...ဟား...ဟား"
ရုပ်ဆိုးမင်းသားလေးကဟက်ဟက်ပက်ပက်ရယ်မောရင်းခုတင်ဘေးတွင်ဝင်ထိုင်လိုက်သည်။
"ညီတော်ကနောင်တော့်ကိုအိပ်မက်ကနိုးအောင်လာနှိုးတာပါ"
မိုးနဂါးမင်းသားကရုပ်ဆိုးမင်းသားလေးလက်ကိုဆုပ်ကိုင်ကြည့်လိုက်သည်။ထို့နောက်ပုခုံးကိုကိုင်ကြည့်သည်။မျက်နှာကိုကိုင်ကြည့်သည်။ပြီးမှသူကပြောလိုက်သည်။
"အိပ်မက်မက်နေတာမဟုတ်ဘူးပဲ။ညီတော်လေးနောင်တော့်ဆီကိုတကယ်ရောက်လာတယ်။ညီတော်လေးနောင်တော့်ဆီကိုတကယ်လာတယ်"
မိုးနဂါးမင်းသားကအံ့သြဝမ်းသာလွန်းသဖြင့်ပါးစပ်မှတတွတ်တွတ်ရေရွတ်နေသည်။ရုပ်ဆိုးမင်းသားလေးကမိုးနဂါးမင်းသားလက်ကိုဆုပ်ကိုင်ဖျစ်ညှစ်ရင်းပြောလိုက်သည်။
"ညီတော်ကနောင်တော့်ဆီကိုအကူအညီလာ
တောင်းတာပါ""ဘာအကူအညီလဲ။ညီတော့်မှာဘာအခက်အခဲ
တွေရှိနေတာလဲ။နောင်တော့်ကိုပြောစမ်း။နောင်တော်အားလုံးကူညီမယ်""ကူညီမဲ့သူကအိပ်ယာထဲလဲနေတော့ညီတော်
ကဘယ်လိုလုပ်ပြီးအကူအညီတောင်းရမှာလဲ။
နောင်တော်နေကောင်းမှပဲပြောတော့မယ်""နောင်တော်အခုနေကောင်းနေပါပြီ။အခုပြောပါ"
"မပြောနိုင်ဘူး။နောင်တော့်ပုံစံကလန်းလန်းဆန်းဆန်းလည်းမရှိဘူး။နောင်တော်အရင်လိုကျန်းကျန်းမာမာဖြစ်လာမှနောင်တော့်ဆီကိုအကူအညီတောင်းနိုင်မယ်"
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...