(မိုးနဂါးမင်းသား၏လက်ဆောင်)
နှစ်သစ်ကူးသင်္ကြန်ပွဲပြီးဆုံးသွားခဲ့လေပြီ။ရုပ်ဆိုးမင်းသားလေးနှင့်မုန်တိုင်းကနေပြည်တော်ပတ်
ပတ်လည်ရှိရွာများကိုလှည့်လည်သွားလာနေကြသည်။စစ်ရေးလေ့ကျင့်မှုများနှင့်ခံတပ်ဆောက်ရန်ပြင်ဆင်နေမှုများကိုကြည့်ရှုပြီးနောက်နေပြည်
တော်သို့ပြန်လာကြသည်။အပြန်လမ်းတွင်ခရီးသွားမြေးအဘိုးနှစ်ဦးနှင့်တွေ့ဆုံမိလေသည်။အဘိုးအိုကလမ်းလျှောက်နေရင်းမှမူးလဲသွားသဖြင့်ရုပ်ဆိုးမင်းသားလေးကမြင်းပေါ်မှဆင်းလာပြီးအဘိုးအိုနှင့်လူငယ်ထံသို့ရောက်လာခဲ့သည်။
“အဘိုးဘာဖြစ်တာလဲ။အဆင်ပြေရဲ့လား"
“ပြေပါတယ်မင်းသားလေးဘုရား။ခေါင်းနဲနဲမူးသွားရုံလေးပါ"
မင်းသားလေးကအဘိုးအိုကိုခြေဆုံးခေါင်းဆုံး
ကြည့်လိုက်မိသည်။“အဘိုး…ဖိနပ်မပါဘူးလား"
“မပါပါဘူးကွယ်"
“ဘာလို့မပါတာလဲ။ဒီလောက်နေပူနေတာဖိနပ်
မစီးဘဲခရီးသွားရလား"“ဖိနပ်ကမစီးတာနှစ်ပေါင်းတော်တော်ကြာနေပါ
ပြီ"“အဘိုးအသက်ကမငယ်တော့ဘူးလေ။အရင်
ကဖိနပ်မစီးပေမဲ့အခုတော့စီးသင့်နေပါပြီ။ဒီနေ
ပူထဲမှာခရီးဆက်သွားနိုင်ဖို့ကျွန်ုပ်ရဲ့ဖိနပ်ကိုစီးသွားပါ"“မစီးပါရစေနဲ့မင်းသားလေး"
“မစီးလို့မရပါဘူး။စီးသွားပါ။ကျွန်ုပ်ကနန်းတော်
ကိုမြင်းစီးပြီးပြန်မှာမို့ဖိနပ်မပါလည်းကိစ္စမရှိပါဘူး”မင်းသားလေးကသူ့ဖိနပ်ကိုချွတ်လိုက်သည်နှင့်မုန်တိုင်းကကမန်းကတမ်းတားလိုက်သည်။
“မင်းသားလေးဖိနပ်မချွတ်ပါနဲ့ဘုရား။ကျွန်တော်မျိုးရဲ့ဖိနပ်ကိုပဲချွတ်ပါ့မယ်"
“အသင့်ဖိနပ်ကသေချာပေါက်ချွတ်ရမှာပဲ။အဘိုးရဲ့မြေးမှာလည်းဖိနပ်မပါရှာဘူး"
မင်းသားလေးနှင့်မုန်တိုင်းကခရီးသွားမြေးအဘိုးကိုဖိနပ်ကိုယ်စီချွတ်ပေးကြသည်။ခရီးသွားမြေးအဘိုးကမင်းသားလေးခြေတော်ရင်းတွင်ဒူးတုပ်ထိုင်လျက်မင်းသားလေးခြေအစုံကိုနဖူးနှင့်တိုက်ပြီးကန်တော့ကြလေသည်။
YOU ARE READING
The Ugly Prince(u&z)(Completed)
General Fictionဒီပွဲကသူများနဲ့ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး။ငါ့ရဲ့ကံကြမ္မာနဲ့ငါ့ရဲ့ကြိုးစားအားထုတ်မှုယှဉ်ပြိုင်တဲ့ပွဲ။ငါ့ရဲ့ကံကြမ္မာကနိုင်ရင်ငါတစ်သက်လုံးပြိုလဲသွားမယ်။ငါ့ရဲ့ကြိုးစားအား ထုတ်မှုကနိုင်ရင်ငါတစ်သက်လုံးဘယ်တော့မှမပြိုလဲတော့ဘူး။ Zawgyi ဒီပွဲကသူများနဲ့ယှဉ်ပြိုင...