အခန်း-၉၃(S-4)

85 11 0
                                    

ရတနာပူရဘုရင်မင်းမြတ်၏မေးခွန်းကိုငချစ်ညိုကပြန်လည်ဖြေကြားလိုက်သည်။

“ဒီတူးမြောင်းရဲ့ဘေးဝဲယာနှစ်ဖက်ကိုမြေဆီလွှာပြု ပြင်ပြောင်းလဲထားတာပါ”

“ဘယ်လိုများပြု ပြင်ပြောင်းလဲထားတာလဲ"

“ဒီတူးမြောင်းတစ်လျှောက်မှာစီးဆင်းနေတဲ့ရေ
တွေကစိမ့်မြစ်ကနေစီးဆင်းလာတဲ့ရေချိုတွေပါ။ဒီရေချိုကိုအသုံးချပြီးမြောင်းကမ်းနဖူးဝဲယာတစ်မိုင်ပတ်လည်ကိုမြေဆီလွှာပြု ပြင်မှုတွေသုံးနှစ်အချိန်ယူပြီးပြုလုပ်ခဲ့ပါတယ်။ဆားငန်မြေတွေနဲ့ခယောင်းမြေတွေကိုမြေကြီးအောက်ဆယ်ပေနက်တဲ့အထိတူးပြီးဖယ်ထုတ်ပစ်ခဲ့ပါတယ်။

ပြီးတော့စိမ့်မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့နှုန်း
မြေသဲမြေတွေကိုသယ်ဆောင်ပြီးဖို့ခဲ့ပါတယ်။
မြေဆီလွှာမှာအငံဓာတ်လျှော့ပါးအောင်ပြု ပြင်ပြီးတဲ့အခါမှာအိမ်နီးချင်းတိုင်းပြည်တွေဆီကရသမျှကောက်ရိုးနဲ့သစ်ရွက်ဆွေးတွေကိုဝယ်ယူပြီးဒီနေရာကိုဖို့စေခဲ့ပါတယ်။စိန်တောင်ပြည်မှာရှိတဲ့မွေးမြူ ရေးသမားတွေဆီကနေရသမျှဆင်ချေး၊ဆိတ်ချေး၊နွားချေးတွေကိုဝယ်ယူပြီးတော့
လည်းဒီနေရာကိုဖို့စေခဲ့ပါတယ်။

မြေဆီလွှာပြု ပြင်မှုနဲ့သစ်ပင်စိုက်ပျိုးဖို့အတွက်တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေကိုအလုံးအရင်းနဲ့ထုတ်
သုံးခဲ့ပါတယ်။အိမ်နီးချင်းတိုင်းပြည်တွေကနေအရွယ်ရောက်ပြီးသားသစ်ပင်ကြီးတွေကိုအမြစ်က
နေတူးပြီးဝယ်ခဲ့တာမို့ကုန်ကျစရိတ်ကတော်တော်များပါတယ်။ဒါပေမဲ့ကုန်သလောက်လည်း
အကျိုးရှိခဲ့ပါတယ်။

တူးမြောင်းရဲ့ဘေးဝဲယာမှာသစ်ပင်ကြီးတွေနဲ့အ
တူပန်းပင်တွေကိုလည်းစိုက်ပျိုးခဲ့တယ်။စိုက်သမျှသစ်ပင်တိုင်းကိုလည်းပြည်သူတွေကတာဝန်ယူ
ပြီးရေလောင်းပေးခဲ့ကြတယ်။ကိုယ့်ပတ်ဝန်းကျင်မှာသစ်ပင်တစ်ပင်သေရင်ကိုယ့်မှာတာဝန်ရှိတယ်လို့ခံယူထားတာမို့အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ခဲ့ကြတယ်။

ဒါကြောင့်ငါးနှစ်တာကာလအတွင်းမှာပဲဒီတူး
မြောင်းရဲ့ဘေးဝဲယာကမ်းနှစ်ဖက်ကအခုလိုမျိုးစိမ်းစိုအုံ့မှိုင်းနေတဲ့တောအုပ်ကြီးဖြစ်သွားခဲ့တာပါ။

The Ugly Prince(u&z)(Completed)Where stories live. Discover now