အခန်း-၇၈(S-3)

95 11 3
                                    

(ဆန်ခါတင်ကျန်ရစ်သူများ)

ရုပ်ဆိုးမင်းသားလေးကအလုပ်သမားငါးဆယ်လုံးကိုခြုံငုံကြည့်ပြီးပြောလိုက်သည်။

“ကျွန်ုပ်အနေနဲ့အသင်တို့အယောက်ငါးဆယ်
လုံးကိုအိမ်တစ်လုံးစီဆောက်ပေးလိုက်နိုင်ပါ
တယ်။ဒါပေမဲ့အဲဒီလိုဆောက်ပေးလိုက်မယ်ဆို
ရင်ဘယ်လိုတွေဆက်ဖြစ်လာမလဲသိလား"

အကုန်လုံးအသံတိတ်နေကြသည်။မင်းသားလေးကပဲဆက်ပြောလိုက်သည်။

“ငွေမစုချင်တဲ့လူတွေကဒီလိုမျိုးတွေးကြလိမ့်မယ်။ငါတို့စုဆောင်းနေစရာမလိုပါဘူး။အကြွေး
လည်းဆပ်စရာမလိုပါဘူး။အချိန်တန်ရင်မင်းသားလေးကဖြေလျော့ပေးလိမ့်မယ်။ငါတို့စား
ဝတ်နေရေးကြပ်တည်းမှန်းသိနေရင်အကြွေးတွေတောင်းတော့မှာမဟုတ်ပါဘူး။အသင်တို့အဲ
ဒီလိုပဲတွေးကြမှာ။

မတွေးဘူးလို့မထင်လေနဲ့။ကြွေးတင်ရှင်ဘုရင်
ဆပ်လိမ့်မယ်ဆိုတဲ့စကားပုံကအလကားရှိနေတာမဟုတ်ဘူး။အသင်တို့လိုလူတွေကြောင့်ရှိ
နေတာ။

ဒါဆိုရင်ကြိုးစားပမ်းစားနဲ့ငွေစုပြီးအကြွေးဆပ်
ကြမဲ့သူတွေကလည်းသူများတွေကိုကြည့်ပြီးဒီလိုမျိုးတွေးမှာပဲ။သူတို့တောင်မပေးရင်ငါတို့ကဘာလို့ပေးရမှာလဲ။ငါတို့လည်းမပေးဘူးမစုဆောင်းတော့ပါဘူးဆိုပြီးတွေးကြမှာ။ရေသာခိုအချောင်လိုချင်တဲ့စိတ်တွေကူးစက်သွားမှာ။ဒီတော့ကျွန်ုပ်ကကြိုးစားအားထုတ်မှုရလာဒ်အပေါ်မှာမူတည်ပြီးမှပဲအိမ်ယာပိုင်ဆိုင်ခွင့်ရှိမရှိကိုစဉ်းစားဆုံးဖြတ်မယ်။

ဆန်တစ်ပြည်လည်းတစ်မတ်၊စပါးတစ်ပြည်လည်းတစ်မတ်ပဲတော့ကျွန်ုပ်မလုပ်နိုင်ဘူး။ကြိုးစားတဲ့သူတွေကိုပဲဝီရိယအကျိုးကိုခံစားခွင့်ပေးမယ်။

အသင်တို့(၃၅)ယောက်အဖွဲ့ဘယ်လိုလုပ်ချင်
သလဲ။ငွေဆက်စုပြီးအိမ်ပိုင်ရှင်ဖြစ်ဖို့ကြိုးစားကြဦးမှာလား။ကြိုးစားရင်ကျွန်ုပ်ကအခွင့်အရေးနောက်တစ်ကြိမ်ထပ်ပေးမယ်"

လူ(၃၅)ယောက်ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြိုင်တူဖြေလိုက်ကြသည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now