အခန်း(၈၇)(S-4)

86 8 0
                                    

ဧည့်ဆောင်တော်တွင်-

ရုပ်ဆိုးမင်းသားလေးကအပျိုတော်အဖြစ်လိုက်
ပါလာသည့်ငွေတောင်မင်းသမီးနှင့်စကားထိုင်
ပြောနေသည်။

“ဆင်ဖြူ မင်းသားကိုမင်းသမီးအရင်ကတွေ့ဖူးလား”

“မတွေ့ဖူးပါဘူး”

“အခုတွေ့ကြည့်တော့ဘယ်လိုနေလဲ”

“သဘောကောင်းပြီးစိတ်ထားနူးညံ့မဲ့ပုံပဲ”

“သိပ်မှန်တာပေါ့။သူ့ထက်ပိုပြီးစိတ်သဘောထားနူးညံ့တဲ့မင်းသားတစ်ပါးရှိသေးတယ်"

“မင်းသားလေးအပေါ်အရမ်းကောင်းတဲ့လူလို့သိထားပါတယ်"

“သိနေတာလား"

“ကြားဖူးတယ်လို့ပြောတာပါ”

“သူကကျွန်ုပ်ရဲ့နောင်တော်ကြီးပါ"

“မိတ်ဆက်ပေးပါလား။မိုးနဂါးတိုင်းပြည်ကြီးရဲ့အရှင်သခင်မိုးနဂါးမင်းသားကိုတွေ့ဖူးချင်လို့ပါ”

“နောက်တော့တွေ့ရမှာပေါ့။ဒီမှာတော့သူမရှိဘူး။မိုးနဂါးတိုင်းကသံတမန်အဖွဲ့ပဲစေလွှတ်လိုက်တယ်။နောင်တော့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်ထင်တယ်”

“မိုးနဂါးမင်းသားကကျန်းမာရေးမကောင်းဘူးလား"

“အင်း…တိုက်ပွဲမှာဒဏ်ရာရထားတာ။အခွင့်သာတဲ့အခါကျရင်နောင်တော်နဲ့တွေ့ပေးပါ့မယ်။ဒီကိုရောက်တုန်းတော့တခြားတိုင်းပြည်တွေက
မင်းသားတွေကိုလေ့လာအကဲခတ်ကြည့်ပါ။သူတို့ရဲ့အမူအကျင့်တွေကိုသိထားရင်လည်းကိုယ့်အတွက်အကျိုးအမြတ်တစ်စုံတစ်ရာရတာပဲ"

ငွေတောင်မင်းသမီးကရုပ်ဆိုးမင်းသားလေးမျက်နှာကိုစိုက်ကြည့်ပြီးလှိုက်လှိုက်လှဲလှဲပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်မင်းသားလေး။မင်းသားလေးရဲ့ကျေးဇူးကြောင့်အချုပ်အနှောင်ကနေလွတ်မြောက်ခဲ့တဲ့အပြင်အတိုင်းတိုင်းအပြည်ပြည်ကမင်းသားတွေကိုလည်းလေ့လာခွင့်ရတယ်။ကျေးဇူးအများကြီးတင်ပါတယ်”

“ကျေးဇူးတရားလို့သဘောမထားပါနဲ့မင်းသမီး။ကျွန်ုပ်တို့ကတိုင်းငယ်ပြည်ငယ်လေးတွေရဲ့
ပဒေသရာဇ်တွေပါ။ကျွန်ုပ်တို့အချင်းချင်းရိုင်းပင်းကူညီကြမှသာကျွန်ုပ်တို့ရဲ့တိုင်းပြည်တွေရေရှည်တည်တံ့နိုင်မယ်မဟုတ်လား”

The Ugly Prince(u&z)(Completed)Where stories live. Discover now