အခန်း-၄၈(S-2)

146 15 0
                                    

(တော်ဝင်နန်းထိုက်သောမင်းသားလေး)

ရုပ်ဆိုးမင်းသားလေးနှင့်ဆင်ဖြူ မင်းသားတည်း
ခိုခန်းသို့ပြန်လာကြသည်။ဆင်ဖြူ မင်းသားကစကားတစ်ခွန်းမှမပြောဘဲနှုတ်ဆိတ်နေကာရုပ်
ဆိုးမင်းသားလေးလက်ကိုတင်းကြပ်စွာဆုပ်ကိုင်ရင်းအခန်းဆီသို့ဆွဲခေါ်လာခဲ့သည်။အခန်းထဲသို့ရောက်လျှင်အခန်းတံခါးကိုဝုန်းခနဲ့ဆောင့်ပိတ်ပြီးရုပ်ဆိုးမင်းသားလေးကိုလှည့်ကြည့်လိုက်
သည်။

ရုပ်ဆိုးမင်းသားလေးကမျက်လုံးအဝိုင်းသားနှင့်ဆင်ဖြူ မင်းသားကိုကြည့်နေသည်။ဆင်ဖြူ မင်းသားကနှုတ်ခမ်းကိုတင်းတင်းစေ့ပြီးခန္ဓာကိုယ်
ကလည်းတောင့်တောင့်ကြီးရပ်နေကာရုပ်ဆိုး
မင်းသားလေးကိုစူးစူးဝါးဝါးပြန်စိုက်ကြည့်နေ
သည်။

ရုပ်ဆိုးမင်းသားလေးကမျက်လုံးအကြည့်ကိုလွှဲ
ပြီးမရဲတရဲလေသံနှင့်ဆင်ဖြူ မင်းသားကိုမေးလိုက်သည်။

“မင်းငါ့ကိုစိတ်ဆိုးနေတာလား"

“ဟုတ်တယ်"

“ဘာဖြစ်လို့စိတ်ဆိုးရတာလဲ”

ရုပ်ဆိုးမင်းသားလေးမေးခွန်းကြောင့်ဆင်ဖြူ မင်းသားမျက်နှာတင်းခနဲ့ဖြစ်သွားသည်။ဆင်ဖြူ မင်းသားမျက်နှာကတည်လွန်းတင်းလွန်းနေသဖြင့်ရုပ်ဆိုးမင်းသားလေးကမဝံ့မရဲလေသံနှင့်ထပ်မေးလိုက်သည်။

“ငါအပြင်ထွက်လိုက်မိလို့လား"

ဆင်ဖြူ မင်းသားကပြန်မဖြေဘဲရုပ်ဆိုးမင်းသားလေးကိုစွေ့ခနဲ့ကောက်ချီပြီးခုတင်ပေါ်ပစ်တင်လိုက်သည်။မျက်စိတစ်မှိတ်အတွင်းဖြစ်သွားတာမို့
ရုပ်ဆိုးမင်းသားလေးခမျာ့ကြောင်တောင်တောင်
ဖြစ်နေရှာသည်။သတိဝင်ဝင်ချင်းကပျာကယာပြန်ထရန်ပြင်လိုက်သောအခါဆင်ဖြူ မင်းသား၏
ခန္ဓာကိုယ်ကသူ့အပေါ်ပိကျလာသည်။

“မင်း…မင်းဘာလုပ်တာလဲ…နန္ဒ”

ရုပ်ဆိုးမင်းသားလေးကဆင်ဖြူ မင်းသားကိုတွန်းဖယ်ရန်ကြိုးစားလိုက်သည်။သို့သော်ဆင်ဖြူ မင်းသား၏ကြမ်းတမ်းရှည်လျားလှသည့်လက်အစုံကသူ့တစ်ကိုယ်လုံးကိုရစ်သိုင်းပွေ့ဖက်ထားသ
ဖြင့်သူ့တစ်ကိုယ်လုံးမလှုပ်နိုင်ဘဲဖြစ်နေသည်။
ရုပ်ဆိုးမင်းသားလေးစိတ်ထဲတွင်ဝမ်းနဲစိတ်၊အားငယ်စိတ်တို့အပြင်ရှက်စိတ်ပါရောပြီးမျက်ရည်
များပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။

The Ugly Prince(u&z)(Completed)Where stories live. Discover now