အခန်း(၃၀)

209 17 0
                                    

(ပညာတော်သင်လူငယ်များရှာဖွေခြင်း)

နောက်တစ်နေ့တွင်ဆင်ဖြူ မင်းသားကကျောက်
စိမ်းတိုင်းသို့ခရီးဆက်ထွက်သွားသည်။မိုးနဂါးမင်းသားတစ်ယောက်တည်းကျန်နေခဲ့ချိန်တွင်ရုပ်ဆိုးမင်းသားလေးက-

“နောင်တော်မပြန်သေးဘူးဆိုရင်နောင်တော်နဲ့
ကိစ္စတစ်ခုကိုဆွေးနွေးချင်ပါတယ်"

“ဘာကိစ္စလဲ”

“ကိစ္စကညီတော်တို့တိုင်းပြည်ကအကြောင်းပါ။ညီတော်တို့တိုင်းပြည်ကစိုက်ပျိုးရေးမဖြစ်ထွန်းပါဘူး။လူစာရော၊တိရစ္ဆာန်အစာပါရှားပါးနေလို့မွေးမြူ ရေးလည်းမဖြစ်ထွန်းပါဘူး။ဒါကြောင့်ညီတော့်ရဲ့ပြည်သူတွေကဆားကျင်းဒေသမှာဆားတူးတဲ့အလုပ်ကလွဲရင်ဘာအတတ်ပညာမှမတတ်မြောက်ကြဘူး။စာလည်းမဖတ်တတ်ကြဘူး။

ဒါကြောင့်ညီတော့်တိုင်းပြည်ကလူငယ်တွေကိုနောင်တော်တို့တိုင်းပြည်လွှတ်ပြီးပညာသင်ခိုင်းချင်ပါတယ်။နောင်တော်ခွင့်ပြုပေးနိုင်မလား”

“ခွင့်ပြုပေးနိုင်တာပေါ့။ညီတော်ကဘယ်လိုပညာ
တွေကိုသင်ယူစေချင်တာလဲ"

“ညီတော်သင်ယူစေချင်တဲ့ပညာကလုပ်ငန်းခွင်
ထဲမှာကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ရင်းသင်
ကြားရတဲ့အသက်မွေးဝမ်းကြောင်းပညာရပ်
တွေကိုသင်စေချင်တာပါ။

စိုက်ပျိုးရေး၊မွေးမြူ ရေး၊ယက်ကန်း၊ပန်းပဲ၊ဗိသု
ကာ၊ဆေးပညာစတာတွေပေါ့အချိန်ကာလအား
ဖြင့်တော့တစ်နှစ်ပါပဲ။သူတို့ကိုအမြင်ကျယ်စေချင်လို့ပါ။တိုင်းတစ်ပါးကိုသွားပြီးမျက်စိပွင့်နားပွင့်
ဖြစ်စေချင်လို့ပါ”

“ကျွန်ုပ်ကညီတော့်ကိုစိတ်ဝင်စားနေမိတာအဲဒီအချက်တွေပါပဲ။ညီတော့်ရဲ့ခေါင်းထဲမှာတိုင်းပြည်တိုးတက်ဖို့အတွက်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အတွေးအကြံတွေအပြည့်ရှိနေတယ်။ညီတော့်ရဲ့တိုင်းပြည်ဖွံ့ဖြိုးတက်ဖို့အတွက်ညီတော်လိုအပ်နေတဲ့အကူအညီမှန်သမျှနောင်တော့်ဆီကိုတောင်းပါ။နောင်တော်ကူညီဖို့အဆင်သင့်ပါပဲ”

“ကျေးဇူးတင်ပါတယ်နောင်တော်။ဒီရက်ပိုင်းအတွင်းမှာပညာတော်သင်ကျောင်းသားတွေကိုရွေးချယ်စုဆောင်းပါ့မယ်။အဆင်သင့်ဖြစ်တဲ့အခါကျရင်နောင်တော်တို့ဆီကိုစေလွှတ်ပါ့မယ်”

The Ugly Prince(u&z)(Completed)Where stories live. Discover now