အခန်း(၂)

472 30 0
                                    

(ရုပ်ဆိုးမင်းသားလေးဟုအမည်တွင်ခြင်း)

ဆားတောင်ပြည်တွင်ဆားတောင်ပြည်၏မင်းသားလေးဖွားမြင်တော်မူသည့်အကြောင်းကို
ထုတ်ဖော်ကြေညာလိုက်သည်။

အမတ်ကြီးသုဝေဒကနေပြည်တော်၏လေးပြင်
လေးရပ်မှပြည်သူများကိုစုဝေးစေပြီးကြေညာချက်ကိုဖတ်ကြားပြသည်။ဖတ်ကြားပြီးသွားသောအခါပြည်သူများကအမတ်ကြီးကိုဝိုင်းမေးကြသည်။

“အမတ်ကြီး…မင်းသားလေးကိုဘာဖြစ်လို့လူမြင်မခံတာလဲ”

“မင်းသားလေးကပြည်သူတွေနဲ့မထိတွေ့ဘဲအရွယ်ရောက်တဲ့အချိန်ထိတစ်ယောက်တည်းနေ
ရမှာမို့လို့ပါ”

“ဘာဖြစ်လို့တစ်ယောက်တည်းနေရမှာလဲအ
မတ်ကြီး"

“တိုင်းပြည်အတွက်အရေးကြီးတဲ့ယတြာတစ်ခုကိုဆောင်ရွက်ရမှာမို့ပါ"

ယတြာဟူသည့်စကားကြောင့်ပြည်သူများက
စိတ်ဝင်စားသွားကြသည်။

“ဘယ်လိုယတြာမျိုးမို့လို့လဲအမတ်ကြီး"

“ဘယ်လိုယတြာမျိုးလဲဆိုတော့မင်းသားလေးရဲ့ကံကြမ္မာနဲ့တိုင်းပြည်ရဲ့ကံကြမ္မာကထပ်တူညီနေတယ်။ပြီးတော့မင်းသားလေးရဲ့ကံကြမ္မာကကံဆိုးကံကောင်းတွေရောနေတယ်။သူ့ကိုမွေးတဲ့အချိန်မှာမိဖုရားကြီးနတ်ရွာစံခဲ့တယ်။

ဒါကြောင့်မင်းသားလေးအတွက်ကံဆိုးမှုတွေပ
ပျောက်သွားအောင်ယတြာအစီအရင်လုပ်ထားတာပါ။မင်းသားလေးရဲ့ကံဇာတာကောင်းရင်ကောင်းသလောက်တိုင်းပြည်ရဲ့ကံကြမ္မာကလည်းကောင်းလာမှာမို့လို့ပါ”

အမတ်ကြီး၏ဖြေရှင်းချက်ကြောင့်ပြည်သူများကနှစ်ထောင်းအားရကျေနပ်သွားကြသည်။သို့သော်မေးခွန်းအသစ်တွေထပ်ထွက်လာပြန်သည်။

“ဒါဆိုအမတ်ကြီး...ကျွန်တော်မျိုးတို့ကမင်းသား
လေးမျက်နှာကိုဘယ်အချိန်ကျမှမြင်ခွင့်ရမှာလဲ”

“မင်းသားလေးဘုရင်ဖြစ်မှမြင်ခွင့်ရမှာပါ။အဲဒီအချိန်မရောက်မချင်းမင်းသားလေးမျက်နှာကိုတိုင်းသူပြည်သားတွေမြင်ခွင့်မရှိဘူး။မင်းသားလေးမျက်နှာကိုအမြဲတမ်းမျက်နှာဖုံးတပ်ထားရမယ်”

The Ugly Prince(u&z)(Completed)Where stories live. Discover now